1

4.3K 244 5
                                    

ရှောင်ကျန့်ကအသက်၂၀ အနုပညာကျောင်းသားတစ်ယောက်ဖြစ်တယ် သူဟာဖြူဖြူသွယ်သွယ်ခန္တာကိုယ်လေးနဲ့ ချစ်စဖွယ်ကောင်းတဲ့ယုန်သွားလေးတွေကိုပိုင်ဆိုင်ထားပေမယ့် ကျောင်းမှာရောအိမ်မှာ ရောချစ်တဲ့သူခင်တဲ့သူမရှိပဲ အထီးကျန်နေသူဖြစ်တယ်..အကြောင်းက သူကgay တစ်ယောက်ဖြစ်နေတာကြောင့်ပင်...သူgay ဖြစ်ကြောင်းသိတာနဲ့ ပတ်ဝန်းကျင်ကရော မိသားစုကရော ရွံရှာသလိုဆက်ဆံကြတယ်....သူကျောင်းကိုလာပြီဆို မိန်းကလေးတွေရောယောက်ျားလေးတွေရောသူ့ကိုလှောင်ပြောင်ကြတယ် နှာခေါင်းရှုံ့ကြတယ်...

"မထင်ရဘူးနော် ဒီလိုပုံလေးက ယောက်ျားတွေကိုကြိုက်တာလား"
"အေးလေဟယ် ရွံလို့သေပြီ"
(ဒါကကိုယ်လဲအပြင်မှာ တကယ်ကြားနေကြစကားတွေပါ)

ရှောင်ကျန့်အတွက်ခံနိုင်ရည်မရှိချင်တော့ဘူး တစ်လောကလုံးကပစ်ပယ်ခံရတဲ့ဘဝကိုမုန်းနေပြီ သူစိတ်သက်သာရာ ရစေတာဆိုလို့ ငယ်ငယ်ကတည်းက အခုထိ ပေါင်းလာတဲ့ သူငယ်ချင်း ရှောင်ပိုင်ပင် ရှောင်ပိုင်က သူများတွေပစ်ပယ်ထားသည့်တိုင်အောင် အခင်မင်မလျှော့ပဲ အားပေးတဲ့အတွက် သူအနည်းငယ်အားရှိတယ် .သူgayဖြစ်ကြောင်းကိုသူကိုယ်တိုင်ကြေညာထားခြင်းလဲမဟုတ် အဲ့နေ့က ရှောင်ကျန့်ကပျာကယာနဲ့ စာအုပ်တွေသိမ်းပြီးထလိုက်စဉ် လွယ်အိတ်ထဲကစာရွက်လေးတစ်ရွက်ထွက်ကျလာတယ်...ဒါကိုကောင်မလေးတစ်ယောက်ကကောက်လိုက်ပြီး တစ်တန်းလုံးကြားအောင်အော်ဖက်ခဲ့တယ်...

"အဝေးက ကြည့်နေရုံလေး‌နဲ့ကျေ နပ်ပါတယ် လျိုကောကော"
"ဟား ဟား ရှောင်ကျန့် နင် ငါတို့အတန်းခေါင်းဆောင်ကိုသဘောကျနေတာလား"

တစ်ခန်းလုံးကဝိုင်းရာယ်ကြပြီး လျိုကောကလဲ ရွံရှာသလိုကြည့်တာကြောင့်ရှောင်ကျန့်ထိုနေရာကနေပြေးထွက်ခဲ့တယ်...သူတစ်ပတ်တိတိကျောင်းမလာနိုင်ဘူး အိမ်မှာတချိန်လုံးငိုနေခဲ့တယ် လူမှုကွန်ရက်ပေါ်မှာရော အတန်းရဲ့ဂရုထဲမှာရော သူ့အကြောင်းတွေအတင်းအဖျင်းလုပ်ပြော‌ဆိုနေတာတွေကြောင့်သူသေချင်လာတယ် အဲ့အချိန်မှာရှောင်ပိုင်ရောက်လာခဲ့တယ်....

"ကျန့်ကျန့် အားမငယ်ပါနဲ့ ငါတစ်ယောက်လုံးရှိတယ် ဒီလူတွေကြောင့်မင်းအနာဂတ်ကိုပျက်စီးမခံပါနဲ့ အားတင်းထားပါသူငယ်ချင်းကျောင်းကိုလာပါ သူတို့အတင်းအဖျင်းတွေက ကြာကြာမခံနိုင်ပါဘူး"

More than life (Completed)Where stories live. Discover now