12

1.7K 177 5
                                    

ရှောင်ကျန့်အရဲစွန့်ကာ Wang ကုမ္မဏီဆီသို့လာခဲ့လိုက်တယ်..အထဲရောက်တော့

"ဘယ်သူနဲ့တွေ့ချင်လဲမသိဘူးရှင့်"
"Boss ဝမ်နဲ့ပါ"
"ကြိုတင်ချိန်းထားလားမသိဘူး"
"မဟုတ်ပါဘူး"
"ဒါဆို bossမအားပါဘူး "
"ဘယ်အချိန်လောက်အားလဲမသိဘူး"
"ဒါကသူနဲ့ ကြိုတင်ပြီးချိန်းထားမှရမှာရှင့်"
ထိုစဉ်....
"ရှောင်ကျန့်!"
"ဟင်!လီ လီဝမ်"
လီဝမ်ကိုမြင်တော့ ရှောင်ကျန့်မျက်နှာ သိသိသာသာတင်းမာသွားတယ်...

"ငါတို့bossကိုရှာပြီးဘာလုပ်မလို့လဲ မဟုတ်မှ မင်းငါတို့bossကိုသဘောကျနေတာလား"

လီဝမ်က အသံမြှင့်ပြီးပြောလိုက်တော့ အားလုံးက လှည့်ကြည့်လှည့်ကြည့်လုပ်ကြသဖြင့်ရှောင်ကျန့် ရှက်သွားပေမယ့် သူအရင်ကလိုပျော့ညံ့သူမဟုတ်ကြောင်းပြရမယ်လေ...

"ဒီမှာ မင်းတို့ကုမ္မဏီက ဒီလိုပုံစံလား ဧည့်သည်ကိုဒီလိုပုံဆက်ဆံတာလား"

ရှောင်ကျန့်ရဲ့အသံက သူ့ထက်ပိုကျယ်တော့လီဝမ်လန့်သွားတယ် ...

"မင်းသူများကုမ္မဏီမှာလာပြီး အသံကျယ်ရဲတာလား"
"အဲ့တော့ဘာဖြစ်ချင်လဲ ပြသနာဖြစ်ကြမလား ငါကဘာမှမဖြစ်ဘူး မင်းကဒီကအလုပ်သမားမင်းပဲအလုပ်ပြုတ်မှာ"
"လုပ်ကြည့်လိုက်လေ ငါကမန်နေဂျာဆိုပေမယ့်ဒီကုမဏ္ဏီမှာ ရှယ်ယာဘယ်လောက်ပါလဲသိလား"
"ငါဂရုမစိုက်ဘူး ငါ့ကိုလာမခြိမ်းခြောက်နဲ့"
"ဘာဖြစ်နေကြတာလဲ"

ဟိန်းထွက်လာတဲ့အသံကြောင့် အကုန်တိတ်သွားကြတယ်..

ဧည့်သည်နဲ့ချိန်းထား‌လို့အပြင်ထွက်ရန် ဝမ်ရိပေါ်ထွက်လာရာမှ ရှောင်ကျန့်ဝင်လာသဖြင့်သူခနရပ်ကြည့်နေရာက စွာတေးလန်နေတာကိုမယုံကြည်နိုင်စွာတွေ့လိုက်ရတယ်.
အရင်ဆုံးလီဝမ်မှ ဦးစွာ....

"Boss သူလာရမ်းကားနေလို့"
"ဟမ်! မင်းပြောတော့မင်းကိုယ်မင်း အဖြောင့်ကြီးဆို လုပ်ပုံတွေက မိန်းမဆန်လိုက်တာ ကွေးနေတဲငါတောင်မင်းလောက် ပလီပလာမတတ်ဘူး"

ရှောင်ကျန့်စိတ်တိုတိုနဲ့ပြောလိုက်ပြီးလူတွေကမျက်လုံးပြူးကြည့်တော့မှ သတိဝင်လာကာ....

More than life (Completed)Where stories live. Discover now