တစ်နေ့ ရှောင်ကျန့် ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း ရှောင်ပိုင်နဲ့ သူ့ရဲသက်တော်စောင့် တွေ ဘောလုံးကန်နေကြတာတွေ့တယ် အရင်က ဝေ့ရင်းနဲ့ ရှောင်ပိုင်ပတ်သတ်မှုကိုသူမသိချင်ဘူး သူသူ့သူငယ်ချင်းရှောင်ပိုင် ကိုသတိရနေပြီ .....
"ရှောင်ပိုင် အာ...မင်းသား"
"ကြင်ယာတော်ပါလား ရပါတယ် ကိုယ်တော့်ကို ရင်းရင်းနှီးနှီးခေါိလို့ရပါတယ်"
ရှောင်ကျန့် ဦးညွှတ်ကာ ပြုံးပြလိုက်တယ်...
"တကယ်တော့ ကိုယ်တော် တောင်းပန်ချင်တယ် "
"ဘာ ဘာကိုလဲ"
"တကယ်လို့သတိပြန်ရလာရင်လည်း ကိုယ်တော်တို့ကြားက ဖြစ်ထားတဲ့ပြသနာကိုမေ့ပြီး ကိုယ်တော့ကိုခင်ပေးပါ"
*ဝေ့ရင်း အမှတ်မှားနေတာ ရှောင်ပိုင်ကလူကောင်းတစ်ယောက်ပါ ငါသိတယ် ဝေ့ရင်းဒါကြောင့်ငါသူတောင်းဆိုတာကိုခွင့်ပြုလိုက်မယ် မင်းမနစ်နာစေရပါဘူး"ရှောင်ကျန့် ကအသိမှတ်ပြုဟန် ခေါင်းလေးညိမ့်ကာပြုံးပြလိုက်တယ်..
---------
"ဝေ့ရင်း ကျေးဇူးပြုပြီး ကိုယ်တော့်ကို ဝေ့ရင်းသိသမျှ သဲလွန်စပေးပါ ကိုယ်တော် အားလုံးဖြေရှင်းပေးမယ်"
"အဲ့လောက်အစွမ်းစရှိနေရင် ကိုယ့်ဘာသာရှာပါလား"
"ဝေ့ရင်း"
"ငါ့နာမည် မခေါ်နဲ့ရွံဖို့ကောင်းတယ် ယောက်ျားချင်းကိုတောင် လွတ်မပေးဘူး မင်းတို့တိုင်းပြည် အင်အားကြီးတယ်ဆိုပြီး ငါတို့နိုင်ငံငယ်တွေကို နှိပ်စက်တာ ငါခွင့်မပြုဘူး"
"အဲ့လိုမဟုတ်ဘူး ဝေ့ရင်း မင်းကို ကိုယ်တော်မြတ်နိုးတယ်"
"ရွံတယ် ရွံတယ်လို့ ထွက်သွား ထွက်သွား"
------
အရှင်လန်ဝမ်ကျီး အရင်ကဝေ့ရင်းနဲ့ ပြသနာဖြစ်ခဲ့တာတွေကိုစဉ်းစားရင်း မွန်းကျပ်လာတယ်......
"ဝေ့ရင်း ကိုယ်ထပ်ပြီး ဝေ့ရင်းနဲ့ စကားပြောခွင့်လေးတွေကို အဆုံးရှုံးမခံချင်တော့ဘူး"မင်းကြီးက ဝေ့ရင်းကိုတွေ့ရန် ဆုံးဖြတ်ပြီးထွက်လာစဉ် လမ်းမှာတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် စိတ်တအားတိုသွားတယ်....ဝေ့ရင်းက ရှောင်ပိုင်နဲ့အတူ ဆော့နေပြီး ဝတ်ရုံတွေကိုလည်း ဒူးအထိပေါ်အောင် ချိတ်ထားတယ်.....
"ဝေ့ရင်း"
မင်းကြီးရဲ့အော်သံကြောင့် အားလုံးလန့်သွားပြီးအရိုသေပေးလိုက်ကြတယ်...
YOU ARE READING
More than life (Completed)
Fanfictionyizhan ရှောင်ကျန့်ရဲ့ အထီးကျန်နေတဲ့ဘဝလေးဟာ လန်ဝမ်ကျီးကြောင့်တစ်ဖန်ရှင်သန်လာခဲ့တယ်.... System, Time travel, Reborn,