ဝေ့ရင်းတစ်နေ့လုံး တစ်ညလုံး အိပ်ပျော်ပြီးနောက် မနက်စောစောမှာ လန်းဆန်းစွာနိုးလာခဲ့တယ် သူနိုးလာတော့ မနက်စာနဲ့အားဆေးကို ဖေးဖေးကယူလာပေးတယ်.
..
"မင်းကြီးရော"
"ကြင်ယာတော်အတွက် မနက်စာစီစဉ်ပေးခခဲ့ပါတယ် အရှင်ကညီလာခံကအပြန် အစီရင်ခံစာတွေဖက်ဖို့ရှိသေးလို့ နောက်ကျမယ်မှာသွားပါတယ် မနေ့ကတော့တစ်နေ့လုံး ကြင်ယာတော်ရဲ့ အနားမှာစောင့်ကြည့်နေသေးတယ်"
"အော်....ဒါနဲ့ ဒီနန်းတော်ထဲက လူတွေငါ့ကိုအမြင်ကြည်လာအောင် ဘယ်လိုလုပ်ရမလဲ မင်းကရော ငါဆီကဘာမျော်လင့်လဲ"
"ကျွန်မက ဘာမှ မမျော်လင့်ပါဘူး ကြင်ယာတော်ခုလိုဂရုစိုက်ပေးတာပဲကြေနပ်ပါပြီ"
"ငါလူတိုင်းကိုဂရုစိုက်နိုင်မှာ မဟုတ်ဘူးလေ"
"ဒါဆို လက်ဆောင်ပေးတာတို့ဘာတို့ဆိုရင်ရော"
"မဆိုးဘူးနော် ...အခုမင်းကြီးကဘယ်မှာရှိလောက်လဲ"
"ခနနေဆို စာကြည့်ခန်းထဲရှိလောက်တယ် ကြင်ယာတော် အဲ့အချိန်မှသွားတာကောင်းမယ်"
"ကောင်းပြီ"
-----
*ဝေ့ရင်းနိုးနေပြီလားမသိဘူး ငါ့ကိုရှာနေတော့မှာပဲ မတတ်နိုင်ဘူး အလုပ်တွေကအရမ်းများနေတော့*မင်းကြီးက ထိုညကအဖြစ်ပျက်လေးကို တွေးမိပြီး ဖြန်းကနဲကြက်သီးလေးတွေထသွား တော့.သူသဘောကျလွန်းလို့ ခေါင်းလေးတခါခါနဲ့ ပြုံးမိနေတယ်...
ဝေ့ရင်းဟိုလုပ်ဒီလုပ် နဲ့အကြံဥာဏ်တွေထုတ်ပြီးနောက် စာကြည့်ခန်းထဲကိုသွားလိုက်တယ်....ဟိုရောက်တော့ တည်ငြိမ်စွာနဲ့ အစီရင်ခံစာတွေကို ထိုင်ဖက်နေတဲ့ မင်းကြီးကိုဝေ့ရင်းခနတာငေးမိသွားတယ် ...
"အရှင်"
အသံဆာဆာလေးကြောင့် မင်းကြီးကခပ်မြန်မြန်ပင်မေ့ာကြည့်လိုက်တယ်.....
"ဝေ့ရင်း သက်သာရဲ့လား"
မင်းကြီးကထမည်အလုပ် ဝေ့ရင်းကခပ်မြန်မြန်လေးပြေးလာပြီး စားပွဲပေါ်ခေါင်းလေးမှီလျှက် နုတ်ခမ်းလေးဆူကာ....
"အရှင် ဝေ့ရင်းတောင်းဆိုစရာရှိတယ်"
အရှင်ကပါးလေးကိုဆွဲကာပြုံးလိုက်ပြီး.."ဘာများလဲ "
ဝေ့ရင်းကဟိုကြည့်နဲ့ လက်ကလေးတွေအချင်းချင်းလိမ်ပြီး မဝင့်မရဲဖြစ်နေတယ်...
YOU ARE READING
More than life (Completed)
Fanfictionyizhan ရှောင်ကျန့်ရဲ့ အထီးကျန်နေတဲ့ဘဝလေးဟာ လန်ဝမ်ကျီးကြောင့်တစ်ဖန်ရှင်သန်လာခဲ့တယ်.... System, Time travel, Reborn,