6

1.9K 178 7
                                    

"ဦးရီးတော်ရဲ့ ဖိတ်ကြားမှုကိုလက်ခံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် မင်းကြီးနဲ့ကြင်ယာတော်"
"အခုလို ဂရုစိုက်ပေးလို့ကျေးဇူးတင်ပါတယ် ဦးရီးတော်"
"မဟုတ်တာ မင်းကြီးနဲ့ကြင်ယာတော် အခုလိုအဆင်ပြေနေတာ ဦးရီးတော်ဝမ်းသာပါတယ် ဒါကြောင့် ဒီအချိုပွဲလေးနဲ့ ဂုဏ်ပြုချင်လို့ပါ"
"ကျေးဇူးတင်ပါတယ်"
"မင်းကြီး ဒီလက်ဖက်ရည်လေးသောက်ကြည့်ပါဦး ပန်းပေါင်းစုံလက်ဖက်ခြောက် တစ်ခါထဲစွဲသွားမယ်"
"ကျေးဇူးပါ"
မင်းကြီးက ရိုသေစွာယူလိုက်ပြီးသောက်မည်အလုပ်...

"အား...."
"ဝေ့ရင်း ဘာဖြစ်တာလဲ"
"မူးတယ် ခေါင်းအရမ်းမူးတယ်"

ဝေ့ရင်းကထရပ်လိုက်စဉ် ယိုင်သွားတာကြောင့် မင်းကြီးကခါးမှထိန်းလိုက်ပြီး....

"ဦးရီးတော်အားနာပါတယ် ကြင်ယာတော် နေမကောင်းလို့ နောက်မှထပ်လာခဲ့ပါမယ် "
"အာ...ရပါတယ်"
*တောက်! သေခါနီးမှကွာ*

ဝေ့ရင်း မျက်လုံးတွေပြာပြီး လမ်းတောင်မလျှောက်နိုင်တာကြောင့် မင်းကြီးကပွေ့ချီပြီး အခန်းကိုခေါ်သွားလိုက်တယ်....သမားတော်ကြီးရောက်လာတဲ့အခါမှာတော့....

"ဝေ့ရင်းအခြေနေ....."
"သူမှတ်ဥာဏ်တစ်ချို့ကို သဲလွန်စရပြီးအရမ်းစဉ်းစားခဲ့တယ်ထင်တယ် ဒါကခဏတာမှတ်ဉာဏ်ချို့ယွင်းတဲ့ သူတွေ ဖြစ်လေ့ရှိတဲ့ လက္ခဏာပဲ မစိုးရိမ်ပါနဲ့"
"ဒါဆို သူ့မှတ်ဉာဏ်တွေ...."
"မကြာခင်ပြန်သတိရလာတော့မှာပါ မင်းကြီး"
*ဒါဒါဆို ဝေ့ရင်းကအရင်လိုပြန်ဖြစ်သွားတော့မှာပေါ့*
--------
"ကြင်ယာတော် ဘယ်လိုလဲ ရေတံခွန်လေးက သာယာတယ်နော်"
"ဟုတ်တယ် ဦးရီးတော် ကျေးဇူးတင်ပါတယ် ကျွန်တော့်ကို စိတ်ချမ်းသာမှုပေးတာဦးရီးတော်တစ်ယောက်ပဲရှိတယ်"
"မလိုပါဘူး...ဒါနဲ့ ညီမလေးသေဆုံးတာနဲ့ပတ်သတ်ပြီး သဲလွန်စရနေပြီဆို"
"ဦးရီးတော်ဘယ်လိုသိ....."
"ဝေ့ရင်း ပြောပြီးမေ့သွားပြီထင်တယ် အဲ့နေ့ကလူစိမ်းတစ်ယောက်မိတယ်ဆို"
"အာ..အင် ဟုတ် ဟုတ်တယ် အဲ့လူစိမ်းကိုယ်ပေါ်မှာ ညီမလေးသောက်မိတဲ့အဆိပ်ရှိတယ် ဦးရီးတော်က ဘယ်လိုသိတာလဲ"
"ဒါငါနေနေတဲ့ နန်းတော်ပါကွာ"
*သူဒီကိစ္စဘယ်သူ့ကိုမှ မပြောမိပါဘူး လူစိမ်းနဲ့သူနဲ့ သတ်ပုတ်ပြီး အဆိပ်ထုတ်ကျကျန်ခဲ့ပြီး လူစိမ်းကထွက်ပြေးသွားတာ ဒီကိစ္စကိုလူစိမ်းနဲ့ သူနဲ့နှစ်ယောက်ပဲသိတယ်.*

More than life (Completed)Where stories live. Discover now