16

1.8K 172 1
                                    

ရေချိုးခန်းထဲမှာ သောင်းကျန်းပြီးနောက် ရိပေါ်ကရှောင်ကျန့်ကို သန့်ရှင်းရေးလုပ်ပေးပြီး တပတ်လေးနဲ့ထုတ်ကာပွေ့ချီလာတယ် ..
"အိပ်ချင်နေပြီ"
"မအိပ်နဲ့ဦး ညစာစားပြီးမှအိပ် ရောဂါရမယ်"
ရိပေါ်ကအဲ့လိုပြောပြီး သူ့မှာရှိတဲ့ညဝတ်အကျီတစ်စုံကိုထုတ်ပြီး ဝတ်ပေးလိုက်တယ်...ရှောင်ကျန့်အရမ်းကြည်နူးရတယ် အိမ်မက်ထဲကလန်ဝမ်ကျီးကလွဲရင် ဘယ်သူမှ သူ့ကိုဒီလိုဂရုမစိုက်ဘူးလေ ဒါနဲ့ပဲအားကိုးချင်စိတ်တွေပိုဖြစ်လာပြီး အကျီတောင်ကိုယ့်ဘာသာမဝတ်တော့....

"ဟား ကိုယ့်အကျီထဲမှာပေါင်းပေါင်းမြုတ်နေပြီ မနက်ဖြန်တော့ သွားဝယ်ပေးရမယ်"
အကျီပွပွကြီးထဲမှာ တလှုပ်လှုပ်ဖြစ်နေတဲ့ အပေါက်လေးကိုအသဲယားကာ ဖက်နမ်းလိုက်ပြီးနောက် ထမင်းစားရန်အောက်ထပ်သို့ခေါ်လာခဲ့လိုက်တယ် အောက်ထပ်မှာ ဖေးဖေးကိုတွေ့လိုက်သဖြင့် ရိပေါ်က....

"နင်မအိပ်သေးဘူးလား"
"ကျန့်ကောနဲ့ စကားပြောချင်လို့စောင့်နေတာ"
"သွား သူပင်ပန်းနေတယ် "
"ဟွန့်"
"ဝမ်"
"အလိုမလိုက်နဲ့ ပေါင်းပေါင်း ရတယ် ပေါင်းပေါင်းပင်ပန်းနေတာ ကိုယ်အသိဆုံး"

ရှောင်ကျန့်ကဘာမှမပြောပဲ ခေါင်းလေးငုံ့ပြီးသာ ထမင်းစားနေတယ်......
-------
"ကျန်းချန် ဒီနေ့အလုပ်တွေအကုန်ဖျက်လိုက် ငါကိစ္စလေးရှိလို့....ဟုတ်ပြီဟုတ်ပြီ...."
"ဝမ်"
"ပေါင်းပေါင်းနိုးပြီလား ရေချိုးပြီးအဝတ်စားလဲ အပြင်သွားမယ်"
"ဟုတ် ဘာဝတ်ရမှာလဲ"
"အာ ဟုတ်သားပဲ"

ရိပေါ်ဘီဒိုထဲရှာဖွေလိုက်ပြီး.....ဘောင်းဘီရှည်နဲ့ ဆွယ်တာအဖြူလေးထုတ်ပေးတယ် အရှည်ကတော့အတော်ပဲ ဆိုပေမယ့် ရိပေါ်က လူကောင်ပိုကြီးတော့ တအားပွနေတယ်....
"မလှဘူး"
"မလှတာကောင်းတယ် လှနေရင်ပေါင်းပေါင်းလေးကို ဝိုင်းကြည့်မှာကိုယ်မကြိုက်ဘူး"
"ကိုကြီး ဖေးဖေးလိုက်မယ် ဖေးဖေးလဲ ဝယ်စရာရှိတယ် ဝယ်ပေးပါ"
"ရော့ ပိုက်ဆံယူထားလိုက်မရှုပ်နဲ့"
"ဟွန့်"
ရှောင်ကျန့်ကဖေးဖေးကို အားနာဟန်ပြုံးပြလိုက်တယ်..
----------
"မနက်စာအရင်စရအောင်ပေါင်းပေါင်း ဘာစားချင်လဲ"
"အမဲသားထမင်းကြော် ကျွန်တော်သွားမှာလိုက်မယ် ဝမ်ရောဘာစားမလဲ"
"ကိုယ်သွားမှာပေးမယ် ထိုင်နေပါ ကိုယ့်ကိုပြုစုခွင့်ပြုပါ ကိုယ့်ဇနီးလေး "
"ဝမ်နော်"
ရှောင်ကျန့်ကြည်နူးစွာ ဖြင့် ထွက်သွားတဲ့သူ့ကျောပြင်လေးကိုကြည့်နေရင်း....
"ဟေ့ တွေ့ပြန်ပြီနော်"
"လီဝမ်၊အားလီ"
"ငကျန့် အတော်ပဲ ငါတို့မဂ်လာဆောင်တော့မှာ တစ်ခါတည်းဖိတ်လိုက်တယ်နော်...ဒါနဲ့ နင်ရောဒီတစ်သက် မဂ်လာဆောင်မှာလား"
"အာ‌ဟုတ်တယ်‌‌ေနာ် လီဝမ်ကောအကြံပေးမယ် မင်ကဂေးနေတာဆိုလဲ ကြေညာမှ မင်းနဲ့ဘဝတူတွေက လာမှာပေါ့ ဒီအတိုင်းကြိတ်ပုန်းလုပ်နေရင် ဘယ်သူကသိမှာလဲ"
"မင်းလိုကောင်တွေနဲ့ ထပ်မတွေ့ချင်ဘူး ထွက်သွား"
"အရင်က ငါ့ကိုသဘောကျခဲ့တယ်မဟုတ်လား"
"မင်း......အဲ့တာငါမင်းကိုအားနာလို့ "
"ဒါပေါ့လေ ရှက်မှာပေါ့ ဘယ်ဝန်ခံချင်မလဲ"

More than life (Completed)Where stories live. Discover now