ရှောင်ကျန့်နဲ့ဖေးဖေး ဈေးဝယ်ထွက်လာစဉ် ..
"ကျန့်ကျန့်"
"မင်း ငါ့အရှေ့မှာထပ်ပေါ်လာပြနပြီလား"
"ဟားဟား ဝမ်ရိပေါ်က ငါ့အထက်လူကြီးလဲမဟုတ်တော့ဘူး သူ့ဆီရှယ်ယာမဝင်ရလဲ ငါ့ဘဝကဘာမှ မဖြစ်ဘူး မင်းသိလား မင်းရဲ့ယောက်ျားက ညညပြန်မလာပဲဘာလုပ်နေလဲမင်းသိလား မင်းကယောက်ျားချင်းဆီက အချစ်စစ်ရမယ်ထင်နေတာလား"
"ဟဲ့ပါးစပ်ပိတ် ငါ့အစ်ကိုကအဲ့လိုလူမဟုတ်ဘူး "
"မယုံလဲနေပေါ့"
-----
လီဝမ်ထွက်သွားသည်နဲ့ ...ဖေးဖေးက..
"ကျန့်ကော မယုံနဲ့နော် သူပြောတာကို"
"မယုံပါဘူး သွားကြည့်ရင်သိနေတာပဲကို"လီဝမ်ပြောစကားတွေက အဓိပ္ပါယ်မရှိပေမယ့် ရှောင်ကျန့်စိတ်တော့ခုသွားတယ်...
----
မတက်ဖြန်ဆို Project အသစ်လဲပြီးပြီးမို့လို့ ရိပေါ်စိတ်သက်သာရာရသွားတယ် ဝန်ကြီးချုပ်နဲ့တွဲလုပ်ရသဖြင့် သူ၏ညီမဖြစ်သူကစိတ်ရှုပ်စရာကောင်းလှတယ် အလုပ်အကြောင်းပြပြီး ဘယ်သွားသွားလိုက်ကပ်နေတာတွေကစိတ်အနှောက်ယှက်ဖြစ်ရတယ် ......ည11နာရီထိုးရှိပြီဖြစ်တာကြောင့် လကျန်နေတာတွေကို လက်စသတ်လိုက်စဉ်.."အစ်ကို အရမ်းညဉ့်နက်နေပြီ ကော်ဖီလေးသောက်လိုက်ပါဦး"
"ရပါတယ် "
"ရော့ပါအားမနာပါနဲ့ စီစီလုပ်ပေးချင်လို့ပါ"
ရိပေါ်လည်း အားနာနာနဲ့ ကော်ဖီကို ယူပြီးသောက်မည်လုပ်စဉ်....
"ကို ကို"
ရိပေါ်လန့်ပြီး အသံလာရာကိုကြည့်လိုက်တော့ မျက်ထောင့်နီနဲ့ ကြည့်နေတဲ့ သူ့ရဲ့ယောက်ျားကိုတွေ့လိုက်ရတယ်…."ပေါင်း...ပေါင်းပေါင်း မိုးအရမ်းချုပ်နေပြီ"
"အနှောက်ယှက်ဖြစ်သွားလို့လား တောင်းပန်ပါတယ်"
စကားကိုတစ်လုံးချင်းပြောပြီး လှည့်ထွက်သွားတာကြောင့် ရိပေါ်စာရွက်တွေကောက်သိမ်းပြီး အနောက်ကအမြန်လိုက်သွားတော့တယ်...ရှောင်ကျန့်က အရင်ဆုံးအရှေ့ကနေ driverနဲ့ပြန်သွားတော့ ရိပေါ်လည်းအနောက်ကနေ ကားမောင်းပြီးလိုက်လာခဲ့တယ်...အိမ်ရောက်တော့ ရှောင်ကျန့်ကဧည့်ခန်းမှာ မျက်နှာကြီးနီပြီထိုင်နေတယ် ..ဖေးဖေးကတော့ အခန်းပေါက်ဝလေးမှာ ခေါင်းလေးပြူပြီးချောင်းကြည့်ရင်း....
*တကယ်ကြီး မိလာတာလား ကိုကြီးမှာတစ်ကယ်ပဲ အငယ်နှောင်းရှိနေတာလား*
"ပေါင်းပေါင်း ကိုယ်ရှင်းပြမယ် သူက...."
"ဘာမှ လာပြောနဲ့ ကိုယ့်ဘာသာတစ်ယောက်ထဲနေချင်လို့ ထွက်သွား"
"ပေါင်းပေါင်း ကိုယ်ပြောတာတော့နားထောင်ပေးဦးလေ"
"နားမထောင်ဘူး ကိုယ့်မျက်လုံးနဲ့မြင်ရတာထက် ဘယ်ဟာက တိကျဦးမှာလဲ"
ဟုပြောကာ လက်တွေနဲ့ နားနှစ်ဖက်ကိုပိတ်ထားတယ်.....ရိပေါ်ကထိုလက်တွေကိုဆွဲခွာပြီး...
"ပေါင်း ပေါင်း ကိုယ်စိတ်မတိုချင်ဘူးနော် ကိုယ့်ကိုကြမ်းအောင်လာမလုပ်နဲ့"
YOU ARE READING
More than life (Completed)
Fanfictionyizhan ရှောင်ကျန့်ရဲ့ အထီးကျန်နေတဲ့ဘဝလေးဟာ လန်ဝမ်ကျီးကြောင့်တစ်ဖန်ရှင်သန်လာခဲ့တယ်.... System, Time travel, Reborn,