15🔞

2.1K 161 9
                                    

"သူဌေးဝမ် စကားပြောရအောင်"
ရှောင်ကျန့်က သူ့အခန်းထဲကိုလာရန်ဟန်ပြုလိုက်ပြီး....အထဲရောက်တော့..
"ခင်ဗျား ရူးသွားပြီလား"
"ကိုယ်ကနောက်တတ်တဲ့လူစားမျိုးလား"
"ကိုယ်က လန်ဝမ်ကျီးနဲ့ဆက်စပ်မှုရှိမယ်ထင်တယ်"
ရိပေါ်ကအဲ့လိုပြောတော့ ရှောင်ကျန့်ကမျက်လုံးအဝိုင်းသားလေးနဲ့ သူ့ကိုခနစိုက်ကြည့်လာပြီး တိတ်ဆိတ်သွားတယ်...

*ဒီကလေးလေးတကယ်ယုံသွားပြီ လိမ်ရတာတကယ်လွယ်တာပဲ ငါဝထ္ထုကိုဖက်ပြီးသွားတာသိရင် ဘယ်လောက်တောင် ဆွေ့‌ေဆွ့ခုန်နေလိုက်မလဲ*
ရိပေါ်ကအတွေးဖြတ်ကာ ဆက်လက်ပြီးပြောတယ်....
"ကိုယ်တစ်ကယ်ပြောတာ မင်းပန်းချီကိုတွေ့ကတည်းက တစ်မျိုးကြီးခံစားနေရတယ် နောက်တော့ ကိုယ်ထက်ပြီးခံစားနေရတာက မင်းကကိုယ့်ရဲ့ အစိတ်အပိုင်းတစ်ခုပဲဆိုတာ"

ရှောင်ကျန့်က သူ့ကိုစိုက်ကြည့်နေဆဲ...

"ကိုယ်နဲ့လိုက်ခဲ့ မယ်မဟုတ်လား"
"ကျွန် ကျွန်တော့်ညီမလေး ပြသနာရှိသေးတယ်"
"ကိုယ်ဖြေရှင်းပေးမှာပေါ့"

ရိပေါ်ကအဲ့လိုပြောပြီး သူ့ခန္တာကိုယ်လေးကိုဆွဲဖက်လိုက်တယ်...ရှောင်ကျန့်ကမရုန်းပဲတစ်ခုခုကိုစဉ်းစားနေဟန်...

ရှောင်ကျန့်က လန်ဝမ်ကျီးနဲ့ပတ်သတ်လာရင် လုံးဝအကန်းတစ်ယောက်လိုပင်...

*ငတုံးလေး အိမ်မက်ထဲကလန်ဝမ်ကျီးကို အဲ့လောက်သဘောကျလား*
------
မိဘတွေနဲ့စကားပြောပြီး ရိပေါ်ကရှောင်ကျန့်ကို ခေါ်သွားလိုက်တယ်..သူတို့ထွက်သွားပြီး နာရီဝက်ခန့်အကြာမှာ နောက်ထပ် ကားအနက်ရောင်တစ်စီးထပ်ရောက်လာပြီး ကားပေါ်မှ လူတစ်ယောက်ဆင်းလာတယ် ....

"Mr Xiao ကျွန်တော် အထင်အမြင်လွဲမှားမှုကြောင့် တောင်းပန်ပါတယ် ကျွန်တော်သမီးလေးကို မိသားဖသားပီပီလာတောင်းတာပါ သားကမတက်ဖြန်မှ နိုင်ငံခြားကပြန်ရောက်မှာမို့လို့ ကျွန်တော်အရင်ဆုံးလာတောင်းပန်တာပါ...."

*အော်...လူတွေများ လောဘနဲ့ပတ်သတ်လာရင်အရှက်ရှိရကောင်းမှန်းမသိတော့ဘူးပဲ သူ့သမီးကိုလူမဆန်ပြောဆိုခဲ့တဲ့မျက်နှာမှဟုတ်ရဲ့လား*

More than life (Completed)Where stories live. Discover now