7

1.8K 169 6
                                    

နောက်နေ့ မနက်-----

"အကုန်စစ် တစ်နေရာမှ မကျန်စေနဲ့"
"အမိန့် အတိုင်းပါ မင်းကြီး"
နန်းတွင်းတစ်ခုလုံး အုံးအုံးကျက်ကျက်ဖြစ်လျှက်

"ဦးရီးတော်ဘယ်မှာလဲ "
"မင်းကြီး ဘာလုပ်တာပါလဲ ကျွန်မခင်ပွန်းက မင်းကြီးရဲ့ဦးရီးတော်‌ဆိုတာကိုရော သိပါရဲ့လား"
"အရှင်မင်းကြီး သဲလွန်စတော့ရှာမတွေ့ပါဘူး"
"မင်းကြီး ဒီလိုမျိုး ရှာချင်တိုင်းရှာတာ ဦးရီးတော်ကိုမလေးစားတာပါလား"
"ဒါဆို ငါကိုယ်တော် တစ်ခုမေးမယ်..ဒီဟာ"

မင်းကြီးလက်ထဲက အထုပ်ကြောင့် အားလီမျက်လုံးပြူးသွားတယ်....

"မင်းတို့ဒေသက ထွက်တဲ့ဟာဆိုတာ ငါကိုယ်တော်သိတယ် ဟိုတစ်နေ့က ငါ့ကိုတိုက်တဲ့ ပန်းပေါင်းစုံလက်ဖက်ခြောက်နဲ့ အနံ့တူနေတယ် မဟုတ်မှ ငါကိုယ်တော်ကိုပါသတ်ဖို့ လုပ်ကြံရဲတာလား"
"မင်းကြီး စွတ်စွဲခံရတာပါ သေချာသုံးသပ်ပေးပါ"
"မလိုတော့ဘူး ညကနန်းတော်ထဲဝင်ပြီး ကြင်ယာတော်ကိုလုပ်ကြံတဲ့သူတွေ ငါတို့ဖမ်းမိထားပြီ အားလုံးဝန်ခံပြီးပြီ အခု မင်းခင်ပွန်းဘယ်မှာလ"
"ခရီး ခရီးထွက်သွားပါတယ် ဘယ်သွားမလဲ ဆိုတာတော့ မပြောတတ်ပါဘူး"
"ဦးရီးတော် ပြန်မလာမချင်း သူ့ကိုအချုပ်ထဲထည့်ထားလိုက်"
"မင်း မင်းကြီး ညှာတာပေးပါ ကျွန်မသူခိုင်းတာလုပ်ရုံပါ"

မင်းကြီးက အားလီရဲ့အော်သံကိုဥပေက္ခာပြုကာ...
"မြို့အနှံ့ ဝရမ်းပုံတွေထုတ်ထားလိုက်"
"အမိန့်အတိုင်းပါ မင်းကြီး"
---------
*ဝေ့ရင်း လီဝမ်ကို ဖမ်းမိရင် ကိစ္စကပြီးသွားပြီဆိုတော့ ငါတို့လဲ ကိုယ့်နေရာကိုယ် ပြန်ရတော့မယ် တောင်းပန်ပါတယ် ငါမင်းကြီးကြိချစ်မိသွားပြီထင်တယ် ဒါပေမယ့် ငါတို့တွေ့ဆုံမှုက ခနလေးပဲ ငါသည်းခံမှာပါ မင်းဘာလို့ဒီလောက်အကြင်နာတရားရှိတဲ့ မင်းကြီးကို ပစ်ပစ်ခါခါလုပ်ရက်ရတာလဲ မင်းခန္တာကိုယ်ထဲပြန်ရောက်ရင် မင်းကြီးကိုအချစ်တွေပေးစေချင်တယ် မင်းက ငါ့ကိုခိုင်းချင်တာခိုင်းပြီး ငါပြန်တောင်းဆိုဖို့ကြတော့ မင်းကိုဘယ်မှာလိုက်ရှာရမလဲ ဝေ့ရင်း*
ထိုစဉ်....
"ဝေ့ရင်း "
"မင်းကြီး ဦးရီးတော်ကိုဖမ်းလို့ရပြီလား"
"ထွက်ပြေးနေတယ်"
"ဝေ့ရင်း ရေတံခွန်ကနေပြုတ်ကျတာ ကိုယ့်ဘာသာခုန်ချတာ မဟုတ်ဘူးပေါ့"

More than life (Completed)Where stories live. Discover now