8

1.9K 167 6
                                    

နတ်ဆရာမဆီကပြန်လာတော့ မှောင်စပျိုးနေပြီဖြစ်တာကြောင့် နှစ်ယောက်သားကြောက်ရွံ့နေကြတယ် လမိုက်ညဖြစ်တာကြောင့်စမ်းတဝါးဝါးလျှောက်နေကြရင်း...

"ကြင်ယာတော် ဖေးဖေးကြောက်တယ် "
"ငါလဲ ကြောက်တယ်"
"ကြင်ယာတော် အရင်ကဒီလိုမဟုတ်ပါဘူး အရမ်းသတ္တိရှိတာ"
"မင်းလဲ သိပြီးပြီပဲ ငါကအရင်က ဝေ့ရင်းမဟုတ်ဘူး "

ခနနေတော့ သစ်ပင်ကြီးတစ်ပင်အောက်ကဖြတ်လျှောက်မည်ဖြစ်ရာ ညအမှောင်ထဲမှာ သစ်ပင်ရဲ့ ပုံစံကဘီလူးကြီးတစ်ကောင်းရပ်နေသည့်အလား...နှစ်ယောက်သား တွန့်ဆုတ် တွန့်ဆုတ်နဲ့ သွားနေရာ အပင်အောက်ရောက်တော့.....

"ဖလပ် ဖလပ် ဖလပ် ဖလပ်...အ အ အ"
"ကျီး ကျီးကန်းတွေ"
"ကြင်ယာတော် ပြေးပြေး"

နှစ်ယောက်သား ပြေးကြပေမယ့် ကျီးကန်းတွေက အနောက်ကလိုက်လာပြီး ဆံပင်တွေကို ကြက်ယက်သလိုလိုက်ယက်ပြီး နုတ်သီးတွေနဲ့ခေါင်းကိုထိုးတယ် ကံကောင်းချင်တော့ ဆံထုံးကိုသာ ထိုးနေတာကြောင့်ဦးရေပြားကို မထိခြေ.......

"ဖေးဖေး မြန်မြန် "
"အား အား ကျွန်မကိုမစောင့်နဲ့ ကြင်ယာတော်"

ဝေ့ရင်းက အနောက်ပြန်ဆုတ်လာပြီး ကျန်ခဲ့တဲ့ဖေးဖေးလက်ကိုဆွဲကာ ပြေးတော့တယ်...
သူ့လက်ကလေးကို သေချာဆုပ်ကိုင်ကာ စိုးရိမ်နေတဲ့ကြင်ယာတော်ရဲ့ မျက်နှာလေးကို ဖေးဖေးအံ့ဩစွာနဲ့ငေးနေမိတယ် သူ့ရဲ့ကြင်ယာတော်က အရှေ့မှာလူတစ်ယောက်လုံးသေမလိုဖြစ်နေတာတောင် မျက်တောင်မခတ် စိုက်ကြည့်နိုင်တဲ့သူမဟုတ်လား.....
သူတို့နှစ်ယောက်ပြေးလွှားရင်း နန်းတော်ကိုပြန်ရောက်လာတယ် ဝေ့ရင်းအဆောင်ရှေ့ရောက်တော့ မင်းကြီးရဲ့ ကိုယ်ရံတော်တွေနဲ့ မင်းကြီးကိုအဆောင်ရှေ့မှာတွေ့လိုက်ရတယ်......မင်းကြီးရဲ့အော်သံဟာလဲ ဟိန်းလျှက်.....

"ကြင်ယာတော် ဘယ်မှာလဲ"
"ဟို ဟို နန်းပြင်ထွက်သွားတယ်ထင်ပါတယ်"
"မင်းတို့ဘာလို့မလိုက်သွားတာလဲ "
"ဟို ဖေးဖေး ဖေးဖေးနဲ့သွားတာပါ"
"တောက်!"
----
"ကြင်ယာတော် ဖေးဖေးကြောက်တယ်"
"မင်းသွားနားတော့ ငါရှင်းလိုက်မယ်"

အရမ်းနွေးထွေးလွန်းတဲ့ ကြင်ယာတော်ရဲ့ ညစ်ပတ်နေတဲ့ မျက်နှာလေးကို ဖေးဖေးအကြင်နာပိုကာ စိုက်ကြည့်ရင်းပြုံးပြလာတယ်

More than life (Completed)Where stories live. Discover now