14

1.7K 168 2
                                    

ခြံထဲမှာကားသံကြားတော့ဖေးဖေး ဆင်းလာကာ...
"ကိုကြီး ဘယ်တွေသွားနေတာလဲ မျက်နှာက ဘယ်လိုဖြစ်တာလဲ"
"အင်းဖေးဖေး ကိုကြီးပင်ပန်းလို့အိပ်တော့မယ်"
ရိပေါ်အိပ်ခန်းထဲကိုတန်းဝင်သွားတယ် ထိုကောင်လေးရဲ့မျက်နှာလေးကို မျက်လုံးထဲကလုံးဝမထွက် အောက်ကနေ နာကျင်လွန်းလို့သူ့ကို ကျစ်ကျစ်ပါအောင်ဖက်တွယ်ပြီး အော်နေခဲ့တာတောင် သူမလွှတ်ပေးနိုင်ခဲ့ဘူး သူသားရဲတစ်ကောင်လို ဆက်ဆံခဲ့တယ် သူကငယ်သေးတာကြောင့် လန်ဝမ်ကျီးဇာတ်ကောင်ပေါ်မှာ စွဲလမ်းနေတာ ကိုယ်ကအသက်ကြီးပြီး မထိန်းနိုင်ဘူး ရှက်စရာကောင်းလိုက်တာ.......
ရိပေါ် အတွေတွေဖျက်ပြီး တစ်နေရာကိုဖုန်းဆက်လိုက်တယ်..

"ဟဲလို မနက်ဖြန် ရှောင်ကျန့်သင်တန်းကိုဘယ်အချိန်လာမှာလဲ....ကောင်းပြီ "
-----
နောက်နေ့ရှောင်ကျန့်သင်တန်းချိန်ကိုဖုန်းထပ်ဆက်တော့ ထိုကောင်လေးသင်တန်းကိုလာတယ်ဆိုလို့ သက်ပြင်းချလိုက်မိတယ်...
"တော်ပါသေးရဲ့"

ရှောင်ကျန့် သင်တန်းချိန်တွင် ပင်ပန်းနေသဖြင့် ကလေးတွေကို ပုံဆွဲခိုင်းပြီးတော့သာ ခုံမှာထိုင်နေလိုက်တယ် ထိုစဉ်....

"ရှောင်ကျန့်"
"ဆရာ ဘာများလိုလို့လဲ"
"ခနလိုက်ခဲ့ပါ boss ကတွေ့ချင်လို့"
ရှောင်ကျန့်သက်ပြင်ချပြီး လူတွေ့ဧည့်ခန်းဖက်ကိုလိုက်သွားတယ် ဟိုရောက်တော့ ဆရာကထွက်သွားပြီး သူနဲ့bossနှစ်ယောက်ပဲကျန်ခဲ့တယ်....

"ဘာလို့ သင်တန်းလာတာလဲ မျက်နှာကဖြူဖက်နေတာပဲ"
"Boss ဘာကိစ္စရှိလို့လဲ"
"မနေ့ကိစ္စတောင်းပန်ချင်လို့"

မနေ့ကကိစ္စဟုပြောလိုက်တော့ ရှောင်ကျန့်နားဖျားလေးတွေရဲသွားတယ်...

"မလိုပါဘူး ကျွန်တော်တို့အပေးယူပဲ တောင်းပန်ဖို့မလိုပါဘူး"
"ကိုယ်အမှန်တစ်ကယ်က အဲ့လိုလုပ်ဖို့တကယ်မရည်ရွယ်ဘူး မင်းကိုကူညီစိတ်သက်သက်ဆိုတာကျိန်ရဲတယ်"
"ဒါဆိုဘာလို့လုပ်တာလဲ"
"............."
ဝမ်ရိပေါ်ခနတာတိတ်သွားတယ်....
*လူလိမ် ထပ်ရမယ်ထင်လို့လိုက်လာတာလား ဝေးသေး*
"ကျွန်တော်တို့ကိစ္စကပြီးသွားပြီမို့ အဲ့အကြောင်းထပ်ခါထပ်ခါမပြောပါနဲ့ ကျွန်တော့်ကိုငဲ့တယ်ဆိုရင်ပေါ့ ကူညီပေးလို့ကျေးဇူးတင်ပါတယ် boss သွားခွင့်ပြုပါဦး"
------
အစ်ကိုဖြစ်သူရဲ့မျက်နှာအခြေနေကြောင့်ဖေးဖေးအနေခက်လာပြီး...
"ကိုကြီး ညီမမှာ ကိုကြီးပဲရှိတယ် ညီမကိုပြောပြပါ ကိုကြီးဘာဖြစ်နေတာလဲ"
"ငါအပြစ်တစ်ခုလုပ်မိတယ် အဲ့အပြစ်ကငွေနဲ့ဖြေရှင်းလို့ရတဲ့ဟာမဟုတ်ဘူး ငါဘယ်လိုလုပ်ပေးမှ စိတ်သက်သာရာရ နိုင်မလဲ ငါမတွေးတတ်တော့ဘူး ဖေးဖေး"
ဖေးဖေးကိုသူဖြစ်ကြောင်းကုန်စင်ပြောပြပြီးနောက် ဖေးဖေးမျက်လုံးပြူးပြီးထိန့်လန့်သွားတယ်.....

More than life (Completed)Where stories live. Discover now