13🔞

1.9K 164 7
                                    

"ကိုကြီး ဒါကိုကြီးပုံလား နန်းတွင်းအဝတ်စားနဲ့ အရမ်းလိုက်ပါလား ဘယ်တုန်းကမော်ဒယ်သွားလုပ်လိုက်တာလဲ"

အစ်ကိုဖြစ်သူအခန်းထဲကပန်းချီကိုကြည့်ပြီး ဖေးဖေးပြောနေခြင်းဖြစ်တယ်..

"ကိုကြီး ဒီပန်းချီကိုကြည့်ရတာ တစ်မျိုးကြီး လွမ်းစရာကြီး"
"အဲ့လိုထင်လား"
"အင်း"
"ငါလဲ အဲ့လိုခံစားရတယ် ပြီးတော့ကောင်လေးက စိတ်ကူးနဲ့ဆွဲထားတာ ငါ့ကိုတောင်မမြင်ဖူးဘူး"
"ထူးဆန်းလိုက်တာ အဲ့ကောင်လေးကဘယ်သူလဲ မြင်ဖူးချင်လိုက်တာ"

ရိပေါ်ကတစ်ချက်ပြုံးလိုက်ပြီး...
"နောက်တော့တွေ့ရမှာပေါ့ အခုသူငါ့ကိုကြောက်နေတယ်ထင်တယ် ငါဖုန်းဆက်တာကိုချပစ်တယ်"
"ဝါးးးးကိုကြီးကိုဒီလိုလုပ်ရဲတဲ့သူ မရှိဘူး"
"အင်းသူက တကယ်ဘာမှ မသိသေးတဲ့ကလေးလေး"

ရိပေါ်ကသဘောကျစွာပြုံးတယ်..
-----
"အရှင်မင်းကြီး အရှင်မင်းကြီးနဲ့တူတဲ့လူက အရမ်းယုတ်မာတယ်"

ရှောင်ကျန့် ရိပေါ်ရဲ့ဖုန်းနံပါတ်ကို contactထဲတွင် နှာဗူးဟုမှတ်လိုက်ပြီး စာပို့ထားလိုက်တယ်....
"အလုပ်ပြီးမှ လုပ်အားခပေးနိုင်မယ်"

ရိပေါ်ကတော့ ထိုစာကိုကြည့်ပြီး ဗိုက်နှိပ်ကာရယ်လေတယ်.....

"စလို့အရမ်းကောင်းတာပဲ ဟား ဟား ဟား ဟား"
ပြီးတော့ရိပေါ်ကစာထပ်ပို့လာတယ်..
"မနက်ဖြန်ညနေလာခဲ့မယ် လိပ်စာပို့ထား"
--------
ရှောင်ကျန့်နေ့လည်လောက်ကတည်းက တံခါးမကြီးကိုကြည့်ပြီး ဝမ်ရိပေါ်လာမည့်အချိန်ကိုစိတ်လုံးရှားစွာစောင့်နေတယ်....

*တကယ်ရောလာမှာပါနော်*
ရှောင်ကျန့် ဝတ်စုံတွေနဲ့ နေရာထိုင်ခင်းတွေကလည်းအဆင်သင့်ဖြစ်နေပြီ ဒီနေ့သင်တန်းကလည်းမရှိတာကြောင့် အချိန်ကုန်ဖို့ကအရမ်းနှေးလွန်းတယ် သူစောင့်နေရင်းပျင်းလာတာကြောင့် အိပ်ပျော်သွားပြီးနောက်...

"တီးတောင် တီးတောင်"
အဆင်မပြတ် အော်နေတဲ့ ဘဲလ်သံကြောင့် လန့်နိုးသွားရတယ် သူမြန်မြန်လေးတံခါးထဖွင့်လိုက်တော့...

"Boss"
"အိပ်ပျော်နေတာလား"
"ဟုတ် ရောက်လာပေးလို့ကျေးဇူးတင်ပါတယ်"
"စလိုက်ရအောင်"
"ဗျ  ဗျာ!"
"ပုံဆွဲမယ်မဟုတ်လား ဘာတွေတွေးနေတာလဲ"
"အာ..ဟုတ် ဟုတ်"

More than life (Completed)Where stories live. Discover now