ရှောင်ကျန့်တစ်ကိုယ်လုံးသန့်ရှင်းပေါ့ပါးနေတယ်လို့ထင်နေရတယ် သူသေသေချာချာပတ်ဝန်းကျင်ကို လေ့လာကြည့်တော့ ရှေးခေတ်အပြင်အဆင်တွေနဲ့အခန်းထဲမှာရောက်နေပြီး အနားမှာလဲရှေးခေတ်အဝတ်စားတွေနဲ့မိန်းကလေးတွေကိုတွေ့ရတယ် သူ့လဲအဖြူရောင် ရှေးဟောင်းအဝတ်စားကိုဝတ်ဆင်ထားတယ်...
"ကြင်ယာတော် ကြင်ယာတော်"
*ဘုရားရေ ကြင်ယာတော်တဲ့ ငါမိန်းမဘရောက်သွားပြီလား*ရှောင်ကျန့်ထိန့်လန့်တကြား သူ့ခန္တာကိုယ်ကိုသူစမ်းကြည့်ပြီးတော့မှ....
*ဟူးတော်ပါသေးရဲ့ငါက လင်သာလိုချင်တာ မိန်းမဘဝတော့မရောက်ချင်ဘူး*ရှောင်ကျန့်နံရံက သူနဲ့တူတဲ့ကောင်လေး ပန်းချီပုံကိုလက်ညိုးထိုးကာ...
"သူဘယ်သူလဲ"
"ဟင်! ကိုယ့်ပုံကိုယ်တောင်မမှတ်မိတော့ဘူးလား ကြင်ယာတော် ဖေးဖေးကိုရောမှတ်မိလား ကြင်ယာတော် ရေတံခွန်ကနေပြုတ်ကျတာလေ အဲ့တာကိုယ့်ဘာသာ ခုန်ချတာလား လုပ်ကြံခံရတာလား အဲ့တာလဲမမှတ်မိဘူး ပေါ့"ရှောင်ကျန့်ခေါင်းခါလိုက်ပြီး...
"ငါ့ကို ဘာလို့ကြင်ယာတော်လို့ခေါ်တာလဲ"
"ဒီက လန်မင်းကြီးရဲ့ကြင်ယာတော်မို့လို့ပါ"
"သူကအခုဘယ်မှာလဲ ကြင်ယာတော်တစ်ယောက်လုံးဒီလိုဖြစ်နေတာ လာမကြည့်ဘူးလား"သူ့အပြောကြောင့် အားလုံးအံ့ဩသွားကြတယ်....
"ဘာ ဘာလို့လဲ တစ်ခုခုမှားလို့လား"
"ဟို ကြင်ယာတော်က မင်းကြီးကို အမြဲမောင်းထုတ်လို့အဲ့တာ"
"ဒါဆိုသူတို့ဆက်ဆံရေးက...အာ ငါနဲ့သူနဲ့အရင်ကဆက်ဆံရေးကမကောင်းဘူးလား"
"ဟုတ်ကဲ့.."
"မင်းကြီးကရုပ်ဆိုးလို့လား"
"မဟုတ်ပါဘူး"
"ဒါဆိုဘာလို့လဲ"
YOU ARE READING
More than life (Completed)
Fanfictionyizhan ရှောင်ကျန့်ရဲ့ အထီးကျန်နေတဲ့ဘဝလေးဟာ လန်ဝမ်ကျီးကြောင့်တစ်ဖန်ရှင်သန်လာခဲ့တယ်.... System, Time travel, Reborn,