4

2.2K 204 3
                                    

နောက်တစ်နေ့ကြတော့ရှောင်ကျန့်အပြင်ထွက်ပြီး လျှောက်ကြည့်ရန်ဆုံးဖြတ်လိုက်တယ် သူဝေ့ဝူရှန်းညီမသေဆုံးမှုနဲ့ သူ့ရဲ့လုပ်ကြံခံရမှုကိုဖြေရှင်းရဦးမယ်လေ....
သူအပြင်ထွက်ပြီး နန်းတော်‌ကို လျှောက်ပတ်ကြည့်ရင်း....

"ဟင်! ရှောင်ပိုင် ရှောင်ပိုင်"

ရှောင်ပိုင်က အံ့ဩစွာ လှည့်ကြည့်လာတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရှောင်ပိုင်က အံ့ဩစွာ လှည့်ကြည့်လာတယ်...
"ကြင်ယာတော် နေကောင်းပြီလား အတိတ်မေ့နေတယ် ကြားတယ် ကိုယ်တော့်နာမည်ကိုတော့မှတ်မိသားပဲ"

*ဟင် ဟုတ်သားပဲ ဒါကငါ့သူငယ်ချင်းရှောင်ပိုင်မှ မဟုတ်တာ ဒီဘဝမှာငါတို့ကဘာတော်ပါလိမ့်*

"ကြင်ယာတော် အတိတ်မေ့သွားတာဝမ်းသာရမလိုပဲ"
"ဘာ ဘာလို့လဲ"
"ဘာမှ မဟုတ်ပါဘူး အခုဘယ်သွားမလို့လဲ"
"ဟိုနားဒီနားလျှောက်ကြည့်မလို့ပါ"
"ကောင်းပါပြီ လိုအပ်တာရှိရင်ကိုယ့်‌တော့်ကိုအကူညီတောင်းလို့ရတယ်နော်"
"ဟုတ်ကဲ့"

*တစ်ခုခုတော့ တစ်ခုခုပဲ ငါဦးနှောက်ခြောက်တော့မယ် ဖေးဖေးဘယ်မှာလဲ*

သူ အိပ်ဆောင်ကိုပြန်သွားပြီးဖေးဖေးကိုလိုက်ရှာလေတယ်..

"ဖေးဖေး ဖေးဖေး ငါ့ကိုထားပြီး ဘယ်တွေသွားနေတာလဲ တွေ့မှ အပြစ်ပေးရမယ် ဖေးဖေး"
ရှောင်ကျန့်ရဲ့ ပျူးပျုးပြာပြာ နဲ့ဖေးဖေးကိုလိုက်ရှာနေရင်း မင်းကြီးက တစ်နေရာကနေရပ်ကြည့်တာ‌‌ တောင် သူမတွေ့ပေ..

"ကြင်ယာတော်"
"ဟင် မင်း မင်းကြီး ဘယ်လိုလုပ်"
*မဖြစ်ဘူး မဖြစ်ဘူး ယိုင်သွားလို့မဖြစ်ဘူး ခပ်ချေချေနေပေးရမယ်*

"ကြင်ယာတော် သက်သာလာလို့ကိုယ်တော်လာကြည့်တာ"
".........."
"ကိုယ်တော့်ကို မမြင်ချင်ဘူးဆိုလည်းချက်ချင်းထွက်သွားပါ့မယ် စိတ်မဆိုးပါနဲ့ အဲ့နေကလိုလုပ်ရပ်မျိုးထပ်မလုပ်ပါနဲ့ ကိုယ်တော် စိတ်ပူတယ်"

More than life (Completed)Where stories live. Discover now