"ဒါဘယ်လိုတောင် စောက်သုံးမကျတဲ့ Manhwa လဲ"
ရုတ်တရက် ဒေါသတကြီးအော်ဟစ်သံတစ်ခု ထွက်ပေါ်လာတဲ့အခန်းထဲ ဆွဲလှန်ခံလိုက်ရတဲ့စားပွဲပေါ်က Ramen ဘူးခွံတွေဟာ ကြမ်းပြင်ပေါ် နေရာအနှံ့ ပြုတ်ကျကုန်တယ်။
"ငါမှားတာ ငါမှားတာ ဒီလိုစောက်သုံးမကျတဲ့ Manhwa ကိုအလှလေးမျက်နှာတစ်ကမ္ဘာလုပ်ပြီး ဖတ်ခဲ့မိတဲ့ ငါမှားတာ"
သူ့နဖူးကိုသူ မနာအောင်ထုရင်း အိပ်ယာပေါ် ခြေပစ်လက်ပစ်လှဲချပစ်လိုက်တဲ့ ကောင်ငယ်လေးရဲ့မျက်နှာဟာ ဒေါသကြောင့်နီမြန်းနေတယ်။ သူ့ရင်ထဲမှာလည်း အလိုမကျမှုတွေဟာ လှိုင်းထန်နေတဲ့ ပင်လယ်ပြင်တစ်ခုလို..။
စောင်ပုံကြားထဲ လူးလိမ့်နေရင်းက Laptop ဖန်သားပြင်ပေါ် သွေးအလိမ်းလိမ်းပေကျံပြီး လဲကျနေတဲ့ အဖြူရိပ်ကလေးကို နှမြောတသစွာ ငေးကြည့်လိုက်တဲ့ သူ့ရဲ့မျက်ဝန်းတွေဟာ ငိုချင်စိတ်ကြောင့်နီရဲလာတယ်။
Manhwa၊ Manga နဲ့ ဝတ္ထုတွေဖတ်တိုင်း Character တွေအပေါ် အစွဲလမ်းကြီးတတ်တဲ့ သူ့ရဲ့ဗီဇကို သူကိုယ်တိုင်လည်း သိပ်မုန်းပေမဲ့ ဒီတစ်ခါမှာလည်း မပြောင်းလဲနိုင်ပြန်ဘူး။ ဒီ Manhwa ကိုသူစဖတ်ခဲ့တဲ့ အကြောင်းရင်း၊ ဆက်ပြီးစောင့်ဖတ်ခဲ့မိတဲ့ အကြောင်းရင်းဖြစ်တဲ့ Character လေးသေဆုံးခန်းမှာတော့ သူ့ရဲ့စိတ်ခံစားချက်တွဟာ ငရဲပြည်ဟိုးအောက်ဆုံးထပ်ကိုရောက်သွားသလိုပဲ။
"Han Jisung...Han Jisung ဘာလို့ဒီလောက်တောင်ခေါင်းမာရတာလဲ။"
သူ့နှုတ်က တီးတိုးရေရွတ်လိုက်တဲ့ စကားသံဟာ သူ့နာမပါဝင်နေတယ်ဆိုပေမဲ့ သူရည်ရွယ်လိုက်သူဟာ ဖန်သားပြင်ပေါ်လဲကျသေဆုံးနေတဲ့ အဖြူရိပ်ကလေးကိုသာ။ ဟုတ်ပါတယ်။ Manhwa ထဲက Character အလှလေးဟာ သူ့နာမည်နဲ့ချွတ်စွပ်တူတဲ့ နာမည်ကိုပိုင်ဆိုင်ထားတယ်။
ဒါကြောင့်လည်း စာရေးဆရာ'ဟ'ရဲ့ promotion post ကိုမြင်လိုက်ရတဲ့အချိန်မှာတဲ့အချိန်မှာ နှစ်ခါမစဥ်းစားဘဲ စိတ်ဝင်စားခဲ့မိတာပဲ။ အချိန်တွေကြာလာတာနဲ့အမျှ နာမည်တူအလှလေးအပေါ်စွဲလန်းစိတ်ကြောင့် ဖတ်မိသူတိုင်း မှတ်ချက်ဆိုးပေးရတဲ့ Manhwa အစုတ်ပလုတ်ကို သူဆက်ဖတ်ခဲ့မိတယ်။
YOU ARE READING
Out Of Character || MinSung FF ||
FanfictionManhwa ဟာ သိပ်စုတ်လွန်းတယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား။ Main character တစ်ယောက်ဖြစ်လာရင် ဒီ Manhwa ရဲ့ဇာတ်လမ်းကို မင်းအများကြီးပြင်ပေးနိုင်မယ်ထင်တယ်။ ငါတို့ System Website ရဲ့ ကြည့်ရှုသူတွေစိတ်တိုင်းကျဖို့ မင်းကို ယုံကြည်လိုက်မယ်။