Ep.19 ဇာတ်သိမ်းခန်း၏ လက်တစ်ကမ်းအလို

537 86 14
                                    

"Jisung သတိရလာပြီ သမား​တော် Bang ​ရေ.. သမား​တော် Bang.."

ရင်းနှီး​နေတဲ့ ​အသံရဲ့ ခပ်ကျယ်ကျယ်​အော်သံ​ကြောင့် နိုးထစအာရုံဟာ ပိုလို့ပင်နိုးကြားလာတယ်။ နာကျင်မှုက ခန္ဓါကိုယ်အနှံ့။ တဆစ်ဆစ်ကိုက်ခဲမှုနဲ့ အားအင်ကုန်ခမ်း​နေတဲ့ကြွက်သား​တွေ​ကြောင့် ရုတ်တရက်ထထိုင်ဖို့ကမဖြစ်နိုင်။

ဦး​နှောက်က အလုပ်လုပ်​နေဆဲ။ သူဘယ်​နေရာကို​ရောက်​နေသလဲ။ ဘာ​တွေဖြစ်သွားခဲ့တာလဲ။

မျက်ခွံကို အားယူပင့်တင်လိုက်​တော့ ​ဝေ​ဝေဝါးဝါးမြင်လိုက်ရတာက သူ့ကိုစိုးရိမ်တကြီး ကြည့်ရှု​စစ်​ဆေး​နေတဲ့ သမား​​တော် Bang။ သမား​တော် Bang က​တော့ လုပ်သင့်လုပ်ထိုက်တာကိုလုပ်​နေ​ပေမဲ့ မလှမ်းမကမ်းမှာရပ်​နေတဲ့ သက်​တော်​​စောင့် Kim မှာ စိတ်အနားမရဘဲရှိ​နေဟန်။

"ထိုင်နိုင်လား Jisung"

သမား​တော် Bang သူ့ကို ​မေးလိုက်ချိန်မှာပဲ သက်​တော်​စောင့် Kim က သူ့အနား​ရောက်လာကာ ထူမကူ​ပေး​တော့တယ်။ ​ဦး​ခေါင်းဟာ တစ်စုံတစ်ခုနဲ့အရိုက်ခံထားရသလို နာကျင်​ကိုက်ခဲပြီး မူး​ဝေလို့​နေတယ်။ စကားဆိုဖို့ ကြိုးစားလိုက်ချိန်မှာ အာ​ခေါင်က​ခြောက်ကပ်လွန်း​နေတာ​ကြောင့် အသံတစိုးတစိမှထွက်မလာ။ အတင်းညှစ်ယူကြိုးစားကြည့်​တော့ "​ရေ" ဆိုတဲ့စကားလုံးက ကြားနိုင်ရုံ​​လောက် အသံထွက်လာခဲ့တယ်။

သက်​တော်​စောင့် Kim က သူ့စကားသံကိုကြားတာနဲ့ အနီးဆုံး​ရေအိုးဆီက ​ရေတစ်ခွက်ကို အလျင်အမြန်ခပ်ယူပြီး သူ့လက်ထဲထည့်​ပေးတယ်။ ဒီအချိန်မှ Jisung သိလိုက်တာက သူ့​ရောက်​နေတဲ့​နေရာဟာ နန်းတွင်းသမား​တော်အိမ်ရာဖြစ်​ကြောင်းပင်။

"ဘယ်လို​နေလဲ Jisung"

သမား​တော် Bang က သူ့နာကျင်မှုအ​ခြေအ​နေကို သိလိုဟန်နဲ့​မေးတယ်။

"ကျွန်​တော် အဆင်​ပြေပါတယ်"

ကြုံခဲ့တဲ့ကိစ္စ​တွေနဲ့ယှဥ်ရင် သူ့​ဝေဒနာက မ​ပြောပ​လောက်ဘူးမဟုတ်​လား။ ခန္ဓါကိုယ်နာကျင်မှုဟာ ​နေသားကျလာတာနဲ့အမျှ သက်​တောင့်သက်သာရှိလာတာပဲ။ မိနစ်​တွေကိုဖြတ်​ကျော်လာ​လေ ခန္ဓါကိုယ်က လှုပ်ရှားလို့အဆင်​ပြေလာပြီး ​နေသာလာ​လေဖြစ်တယ်။

Out Of Character || MinSung FF ||Where stories live. Discover now