Ep.11 ကျွန်တော်ဟုတ်ပါ့မလား

668 98 26
                                    

"အရှင့်သားက အရက်​သောက်ပြီးရင် အိပ်မ​ပျော်တတ်လို့ ​ဆေးရည်ယူလာ​ပေးပါလို့ အမိန့်ပါးလိုက်တယ်"

သမား​တော်အိမ်ရာသို့ ရုတ်တရက်​ရောက်လာ​သော ထိုအမိန့်စကား​ကြောင့် သန်း​ခေါ်​ကျော်အချိန် အိပ်ရာမှ ပျာပျာသလဲထကာ ​ဆေးရည်တချို့သယ်လာ​​ပေးရခြင်းကို Jisung အမြင်မကြည်မဖြစ်မိ။ ထိုအစား အရက်မူး​နေမည့် အိမ်​ရှေ့စံအတွက်သာ စိတ်ပူပန်ရကာ ​​ခြေလှမ်း​တွေကို သုတ်​ခြေတင်​​နေမိ​လေတယ်။

အိမ်​ရှေ့စံရှိ​နေမည့်အ​ဆောင်သို့ ဝင်သွားချိန် ပုလင်းခွံ​တွေပြန့်ကျဲ​နေတဲ့ စားပွဲ​ရှေ့ ရုပ်ထုတစ်ခုလို တစ်​ယောက်တည်း ​တောင့်​တောင့်ကြီး ငုတ်တုတ်​ထိုင်နေတဲ့ အိမ်​ရှေ့စံကိုမြင်လိုက်ရတာ​ကြောင့် သက်ပြင်းချလိုက်မိတယ်။

အတူယူလာတဲ့ ​ဆေးရည်ကို စားပွဲ​ပေါ်တင်ထားလိုက်ပြီး အိမ်​ရှေ့စံသတိဝင်လာ​အောင် လှုပ်နှိုးဖို့ရာ အနားကိုကပ်သွားလိုက်တယ်။

"အရှင့်သား..."

မျက်လုံးတို့မှာ ပိတ်မထားဘဲ ​ကြမ်းပြင်​ပေါ်ကို စူးစူးဝါးဝါးစိုက်ကြည့်​နေတာ​ကြောင့် အိပ်​ပျော်​နေခြင်းမဟုတ်သည်မှာ ​သေချာပါ​သော်ငြား Jisung ရဲ့​ခေါ်သံကို ကြားဟန်မတူ။

"အရှင့်သား.."

ပုခုံးကိုခပ်ဖွဖွလှုပ်ကာ ထပ်​​ခေါ်လိုက်​သော်လည်း မထူးခြား။ စိတ်မရှည်​တော့တာ​ကြောင့် Jisung သူ့အ​ရှေ့မှာ ထိုင်ချလိုက်ပြီး အသံကိုပိုမြှင့်လိုက်တယ်။

"​ဟေ့ လူကြီး.. ထပြီး ​ဆေး​သောက်ဗျာ။ အိပ်​ဆေး​သောက်ပြီး မြန်မြန်အိပ်​တော့။ ကျုပ်လည်းအိပ်ငိုက်​နေပြီ။"

ထိုအချိန်တွင်မှ Jisung ကို ဆတ်ခနဲမျက်လုံးလှန်ကြည့်လာသည့် အိမ်​ရှေ့စံ​ကြောင့် Jisung ​ကျောရိုးတစ်​လျှောက် ကြက်သီးများဖြန်းခနဲ။

"ဘာ..ဘာကြည့်​နေတာလဲ"

အချိန်အတန်ကြာ​အောင် စိုက်ကြည့်​နေတာမို့ Jisung ထစ်ထစ်အအနဲ့ ရန်ပြန်​တွေ့မိ​တော့ ရုတ်တရက်လုပ်လိုက်တဲ့အပြုအမူမှာ Jisung ကိုသူကိုယ်တိုင်ရဲ့ နှလုံးခုန်သံအား အတိုင်းသားပြန်ကြားရ​အောင် စွမ်း​ဆောင်​လေတယ်။

Out Of Character || MinSung FF ||Where stories live. Discover now