Ep.22 ကမ္ဘာကူးခရီးသည် နောက်တစ်ဦး

578 82 18
                                    

"မင်းလည်းအဆင်​ပြေ​နေတယ်မဟုတ်လား Jisung"

ဆရာ့​မေးခွန်းက သာမန်ကာလျှံကာဖြစ်​တာကြောင့် Jisung သည်လည်း သာမန်ကာလျှံကာသာပြန်​ဖြေဖြစ်တယ်။

"ဟုတ်ကဲ့၊ ​ပြေပါတယ် ဆရာ"

"အခုအလုပ်လုပ်​နေတာ ​ဆေးကုမ္ပဏီမှာ​​နော်"

"ဟုတ်တယ် ဆရာ"

ဆရာ Chris က ​သူ၏တို​တောင်း​တောင်းအ​ဖြေများ​ကြောင့် ​​ခေါင်းတငြိမ့်ငြိမ့်သာပြု​နေရ​တော့တယ်။

ယ​နေ့အလုပ်ပိတ်ရက်ဖြစ်တာ​ကြောင့် Jisung သူ့တိုက်ခန်းမှာလိုအပ်​နေတဲ့အိမ်သုံးပစ္စည်းတချို့ဝယ်ဖို့ရာ Mall ကိုထွက်လာခဲ့ပြီး​နောက် တက္ကသိုလ်တက်စဥ်က အင်္ဂလိပ်စာသင်ကြားခဲ့​သော ဆရာ Chris နဲ့ဆုံခဲ့ခြင်း။ မ​တော်တဆဆုံမိတာဖြစ်ပေမဲ့ ဆရာကသူ့ကိုတန်းခနဲမှတ်မိပြီး စကား​တောက်​လျှောက်​ပြောလာခဲ့တာ အခု Mall အပြင်ဘက်​ရောက်တဲ့အထိပင်။

​ခေတ္တမျှတိတ်ဆိတ်​နေ​ခဲ့​သော်ငြား ​နောက်ထပ်​မေးခွန်းတစ်ခုကို ထပ်​မေးပြန်တယ်။

"မင်းကို ကုမ္ပဏီ​တော်​တော်များများက ကမ်းလှမ်းတယ်​ကြားတယ်။ ဘယ်လိုဖြစ်ပြီး ​ဆေးကုမ္ပဏီကို​ရွေးချယ်လိုက်တာလဲ။"

​ဆရာ့ရဲ့​ ဒီတစ်​​ခေါက်​မေးခွန်းမှာ​တော့ Jisung ပြုံးမိတယ်။

"ကျွန်​တော် တတိယနှစ်က ​ဆေးရုံမှာတစ်နှစ်နီးပါးကိုမာဝင်​နေခဲ့ဖူးတယ်​လေ။"

"​အေး ငါမှတ်မိတယ်။ မင်းတိုက်ခန်းမှာ သတိလစ်​နေပြီး ရက်ကြာမှ​တွေ့ကြတာ​လေ။ အ​ကြောင်းအရင်းရှာမရတဲ့ case ဆိုပြီး ဟိုး​လေးတ​ကျော်ဖြစ်သွားတာမှတ်မိ​သေးတယ်"

"ဟုတ်။ အဲ့ကပြန်နိုးလာပြီး​နောက်ပိုင်း ကျွန်​တော်နဲ့​ဆေးပညာ​လောကဘက်က ကိုက်ညီတယ်လို့ထင်မိလို့။ အစကသင်​နေတဲ့ပညာရပ်က စီးပွား​ရေးဆို​​တော့လည်း ​ကျောင်းပြီးသွားတဲ့အချိန်အလုပ်​ရွေးချယ်​တော့ ဒီနယ်ပယ်ထဲကျွန်​တော့်ပညာနဲ့လုပ်လို့ရမယ့်အလုပ်ကို​ရွေးဖြစ်ခဲ့တာ။"

"ဆရာလည်း ​ဆေးပညာပိုင်းကိုစိတ်ဝင်စားခဲ့ဖူးတယ်။ ဒါ​ပေမဲ့ တကယ်​ရွေးချယ်ဖြစ်ခဲ့တာက ဘာသာစကားသင်ကြား​ရေးပိုင်းဖြစ်​နေတာပဲ။ ဒါ​ပေမဲ့ဘယ်​​ပြောလို့ရမလဲ။ တခြား universe တစ်ခုခုမှာ​တော့ ​ဆေးပညာနဲ့ပတ်သက်တဲ့အလုပ်ကို ​ရွေးချယ်ရင်​ရွေးချယ်ထားမှာ​ပေါ့။"

Out Of Character || MinSung FF ||Where stories live. Discover now