အချိန်အတော်ကြာမှ ပထမဆုံး ကြုံတွေ့ရတဲ့ မိုးမှာ အတန်ငယ်တော့ စိတ်ကျေနပ်စရာကောင်းနေလေတယ်။ ဒီလောကကိုရောက်လာပြီးကတည်းက မိုးရွာခြင်းကို မကြုံခဲ့ရတာကြောင့် မတွေ့ဖြစ်တာကြာတဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ကို နှုတ်ဆက်ရတဲ့ ခံစားချက်မျိုးပင်ဖြစ်လေရဲ့။
ဆိုးရွားတဲ့အချက်က ထိုသူငယ်ချင်းရဲ့ရှေ့မှာ ရွှင်ပျစွာမနေနိုင်ဘဲ ငူငူငိုင်ငိုင် ဆောင့်ကြောင့်ထိုင်နေရတာပင်။
Jisung ရှိနေရာ နန်းတော်တွင်းရှိ အမိုးအကာတစ်ခုအောက်ငုတ်တုတ် ထိုင်နေရင်း အမိုးပေါ်သို့ တပေါက်ပေါက်ကျနေတဲ့ မိုးသံကို အာရုံစိုက်ကြည့်ပါသော်ငြား စိတ်ကကြည်မလာ။ နှုတ်ခမ်းကို အလိုအလျောက်ဆူထော်ထားမိရင်း အနားတွင်ရှိနေသော သစ်ကိုင်းခြောက်တစ်ခုဖြင့်သာ မြေကြီးကိုထိုးဆွနေရတယ်။
ထိုသို့ စိတ်မကြည်မသာဖြစ်နေရခြင်းရဲ့ အကြောင်းရင်းမှာလည်း သူ့အနီးအနားမှာပင် တည်ရှိနေတယ်။ သည်းသည်းထန်ထန်ရွာနေပါတဲ့ မိုးကို လစ်လျူရှုရင်း ပေစာရွက်တချို့ကို လှန်လှောနေတဲ့ အိမ်ရှေ့စံမှာ သူ့ကို တစ်ချက်တစ်ချက် မျက်စောင်းခိုးထိုးနေတဲ့ Jisung ကိုလည်း အရိပ်တစ်ခုလို လစ်လျူရှုထားလေရဲ့။
"ခင်ဗျား ကျွန်တော့်ကိုတကယ်ပဲ ပေးမပြန်ဘူးလား။"
တော်ဝင်မျိုးနွယ် တိုင်းပြည်ရဲ့ အိမ်ရှေ့စံနေရာမှာ ရှိနေတဲ့လူတစ်ဦးကို ဒီလိုပမာမခန့်မဆက်ဆံသင့်မှန်း သိပေမဲ့ လောလောဆယ်သူ့စိတ်ထဲရှိနေတဲ့အစိုင်အခဲက သူ့ကို ရိုသေခွင့်မပေး။
"ငါကိုယ်တော် အလုပ်လုပ်နေတာ မမြင်ဘူးလား။"
ပေစာရွက်ပေါ်ကနေ အကြည့်မခွာဘဲပြန်တုန့်ပြန်လာတဲ့ အိမ်ရှေ့စံကို စိတ်လိုလက်ရ အသံတိတ်ကျိန်ဆဲလိုက်တယ်။
"တစ်လလုံးလုံးလည်း ခင်ဗျားခရီးသွားနေတဲ့တစ်လျှောက် စောင့်ခဲ့ပြီးပြီ။ ပြန်ရောက်ရောက်ချင်းလည်း ကျွန်တော်နဲ့မတွေ့ဘူး။ အခုခင်ဗျားရှိနေတဲ့နေရာကို ရှာပြီးလာတွေ့တော့လည်း ထိုင်စောင့်နေရဦးမှာလား။"
YOU ARE READING
Out Of Character || MinSung FF ||
FanfictionManhwa ဟာ သိပ်စုတ်လွန်းတယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား။ Main character တစ်ယောက်ဖြစ်လာရင် ဒီ Manhwa ရဲ့ဇာတ်လမ်းကို မင်းအများကြီးပြင်ပေးနိုင်မယ်ထင်တယ်။ ငါတို့ System Website ရဲ့ ကြည့်ရှုသူတွေစိတ်တိုင်းကျဖို့ မင်းကို ယုံကြည်လိုက်မယ်။