ဆေးပင်အချို့နဲ့အလုပ်ရှုပ်နေတဲ့ သမားတော် Bang အနီး ကူညီပေးမယောင်နဲ့ သူဝင်ထိုင်နေရတယ်။ သမားတော် Bang ဆိုသမျှ ဆေးပင်နှင့်ပတ်သက်တဲ့ သင်ခန်းစာပို့ချမှုတွေဟာလည်း သူ့နားထဲ ဝင်တစ်လှည့် မဝင်တစ်လှည့်။
ဘယ်အချိန်ကစမှန်းတော့ မသိပေမဲ့ သူတစ်သက်နဲ့တစ်ကိုယ်စိတ်ကူးတောင်မယဥ်ကြည့်ဖူးတဲ့ သမားတော်ဆိုတဲ့အလုပ်တာဝန်မှာ သူနေသားကျလာပြီလည်းဖြစ်တယ်။ ဆေးပင်များအကြောင်းယဥ်ပါးလာပြီး အဘယ်သို့သော ရောဂါဝေဒနာသည်ဟာ မည်မျှအချိန်ကြာအောင် ဆေးကုသမှုခံယူရမယ်ဆိုတာမျိုးလည်း သူမှန်းဆတတ်လာတယ်။
ရှင်ဘုရင်ရဲ့ရောဂါဝေဒနာဟာလည်း ရှင်ဘုရင်ကို လောကထဲမည်သည့်အချိန်ထိတိုင် နေခွင့်ပေးမလဲဆိုတာကိုလည်း သူမှန်းဆပြီးဖြစ်တယ်။
ထိုအကြောင်းအရင်းကြောင့်ပင် အိမ်ရှေ့စံမှာ အလွန်တရာမှလည်း အလုပ်ရှုပ်လို့နေလေရဲ့။ လနှင့်ချီ၍ကြာခဲ့ပြီ။ အိမ်ရှေ့စံနှင့်သူ မျက်နှာချင်းဆိုင်မတွေ့ဖြစ်ကြသည်မှာ လနှင့်ချီကြာခဲ့ပြီ။ အတိအကျဆို ၃၂ ရက်။
တံတားငယ်ပေါ် သူ့အပေါ်မေတ္တာသက်ဝင်မှုရှိကြောင်း အိမ်ရှေ့စံဖွင့်ဟဝန်ခံခဲ့တဲ့ ညပြီးနောက် သူတို့လုံးဝမတွေ့ဖြစ်ကြတော့ခြင်း။ အိမ်ရှေ့စံမှာ အလုပ်ခရီးတစ်ခုကို ဒုန်းဆိုင်းထွက်ခွာသွားရခြင်းဖြစ်ကြောင်းကိုတော့ တစ်ဆင့်စကားနဲ့ Jisung ကြားသိခဲ့ရတယ်။
ထိုခရီးမှပြန်လာ၍ နန်းတော်တွင်းရောက်ပြီဆိုတာနဲ့တစ်ပြိုင်နက် နန်းအပ်ခြင်းခံရတော့မှာဖြစ်တယ်လို့လည်း နန်းတွင်းသူ၊ နန်းတွင်းသားတွေက ထင်ကြေးပေးနေကြကြောင်းကိုလည်း Jisung သိရတယ်။
"နေမကောင်းဘူးလား Jisung"
သမားတော် Bang က ဆေးတစ်မျိုးကို သေသေချာချာထုတ်ပိုးသိမ်းဆည်းနေရင်းက သူ့ဘက်လှည့်မကြည့်ဘဲ မေးခွန်းထုတ်လာတယ်။
"မဟုတ်ပါဘူး။ ကျွန်တော်နေကောင်းပါတယ်"
Jisung ရဲ့အဖြေစကားကို သမားတော်ငယ်က ခေါင်းတငြိမ့်ငြိမ့်ပြုရင်း နောက်ထပ်မေးခွန်းတစ်ခုမေးတယ်။
YOU ARE READING
Out Of Character || MinSung FF ||
FanfictionManhwa ဟာ သိပ်စုတ်လွန်းတယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား။ Main character တစ်ယောက်ဖြစ်လာရင် ဒီ Manhwa ရဲ့ဇာတ်လမ်းကို မင်းအများကြီးပြင်ပေးနိုင်မယ်ထင်တယ်။ ငါတို့ System Website ရဲ့ ကြည့်ရှုသူတွေစိတ်တိုင်းကျဖို့ မင်းကို ယုံကြည်လိုက်မယ်။