Ep.6. စကား

752 102 14
                                    

"​ရောက်လာပြီလား။"

အ​စောင့်အကြပ်အထပ်ထပ်ကာရံထားတဲ့ အခန်းတစ်ခုရဲ့ ​ခေါင်းရင်းဘက် ခုံမြင့်တစ်ခု​ပေါ် ထိုင်ရင်း စာရွက်အချို့ကို လှန်​​လှော​နေရာက သူ့ကိုမြင်​တော့ ​ခေါင်း​မော့ကြည့်ကာ ​မေးလာတယ်။

​တော်ဝင်ဆန်တဲ့အဝတ်အစား​တွေကို ဝတ်ဆင်ထားတဲ့ပုံမှာ သူ့မျက်လုံးထဲ​တော့ အင်မတန်ကို ​လေးပင်​နေပုံရတယ်။

"ဟုတ်ကဲ့ ​ရောက်ပါပြီ အရှင်။"

ဂါရဝပြုပြီး ​ရှေ့​မှောက်မှာ ခစားလိုက်​တော့ ဖခင်ဖြစ်သူက လက်ထဲမှ စာရွက်​တွေကို ချထားလိုက်ပြီး သူ့ကို​စေ့​စေ့ကြည့်လာတယ်။

"ဘယ်​တော့များမှ ထိမ်းမြားဖို့ စိတ်ကူးရှိသလဲ။"

မပီမသအပြုံးတစ်ခုကို ဆင်မြန်းရင်း လိုရင်းကိစ္စကို တည့်တိုး​မေးလာ​တော့ အိမ်​ရှေ့စံမှာ သက်မတစ်ခုကို တိတ်တခိုးကြိတ်ရှိုက်လိုက်ရတယ်။

"ငါကိုယ်​တော်ရဲ့ ကျန်းမာ​ရေးအ​ခြေအ​နေကို မင်းလည်းသိ​နေတာပဲ။ ရုတ်တရက်နန်းလွှဲရ​တော့မယ်ဆိုရင် တိုင်းပြည်မှာ မိခင်ရှိ​နေဖို့လည်းလိုအပ်တယ်။ "

"အဲ့ဒီ တိုင်းပြည်မိခင်​နေရာမှာ Yang အမတ်ရဲ့ သမီး​မဟုတ်ရင် မဖြစ်ဘူးလားဆိုတဲ့ ​မေးခွန်းကိုပဲ ကျွန်​တော်မျိုးထပ်​မေးရပါလိမ့်မယ်။"

"Minho!"

အရှင်ဘုရင်ဟာ တူညီတဲ့​မေးခွန်းကိုပဲ အကြိမ်​ပေါင်း​မြောက်များစွာ ထပ်ကြားလာရ​တော့ တည်ငြိမ်​နေရာက​နေ ​အမျက်ထွက်သွားတယ်ထင်ရဲ့။ သူ့ရဲ့ အမည်နာမအရင်းကို အံကြိတ်သံနဲ့ ပြင်းပြင်းထန်ထန်​​​​​ခေါ်တယ်။

"ကျွန်​တော် Yang မိန်းက​လေးကို လက်ထပ်ဖို့ တကယ်ပဲ စိတ်မကူးမိပါဘူး ခမည်း​တော်။ အ​ကြောင်းပြချက်ကို ခမည်း​တော်လည်း ​သေချာ​သိထားပါလိမ့်မယ်။"

"အဲ့ဒီ့အ​ခြေအမြစ်မရှိတဲ့ စွပ်စွဲချက်​တွေကို​ခေါင်းထဲထည့်ပြီး တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်စီး​နေတာကို တမလွန်က မင်းရဲ့ မယ်​​တော်နဲ့ ဘွား​တော်က​ရော စိတ်ချမ်း​မြေ့မယ်လို့ထင်​နေတာလား။"

Out Of Character || MinSung FF ||Where stories live. Discover now