ထီးဆောင်းလာခဲ့တာတောင် သည်းသည်းမည်းမည်းရွာချနေတဲ့မိုးက Jisung ဝတ်ထားတဲ့ အညိုရောင်ကုတ်ရှည်ကို အတော်လေးစိုထိုင်းသွားစေတယ်။ "Close" ဆိုတဲ့ဆိုင်းဘုတ်ကို တံခါးရှေ့ချိတ်ထားတဲ့ မှန်လုံဆိုင်ခန်းထဲဝင်လာပြီး အင်္ကျီအပေါ်ယံမှာတင်ကျန်နေတဲ့ရေစက်တွေကိုခါပစ်တော့ စားပွဲတစ်လုံးကို အဝတ်တစ်စနဲ့သုတ်နေသူက ရွှင်လန်းတဲ့အပြုံးနဲ့မော့ကြည့်လာတယ်။
"ရောက်လာပြီလား ကလေး"
အလိုက်မသိတဲ့မိုးကြောင့် စိတ်ရှုပ်နေတဲ့ Jisung မှာ Minho ရဲ့နှုတ်ဆက်စကားကြောင့် ပိုလို့စိတ်တိုသွားရတယ်။
"ဟုတ်ကဲ့ ရောက်ပါပြီ ဖေဖေ"
ထီးကို အနားမှာရှိနေတဲ့ပုံးထဲလှမ်းထည့်လိုက်ရင်း Jisung ရဲ့အရွဲ့တိုက်နေပုံကြောင့် Minho အားရပါးရရယ်မောတော့တယ်။
ဒီရက်ပိုင်း Minho မှာ ကလေးဆိုတဲ့အသုံးအနှုန်းကိုအတော်အတန်ဓါတ်ကျနေပုံပေါ်တယ်။ အစပိုင်းကတော့ Jisung ကိုရင်ခုန်စေခဲ့ပုံရှိပေမဲ့ ကြာလာတော့ အသည်းယား၊ နားကြားပြင်းကပ်လာသလားမသိ။ ကလေးလို့ဆက်မခေါ်တော့ဖို့ တောင်းပန်ခယတစ်လှည့်၊ စိတ်ဆိုးမာန်ဆိုးတစ်လှည့်ဖြစ်လာတော့တယ်။
Minho ကလည်း သူကလေးလို့ခေါ်လိုက်တိုင်း Jisung ရဲ့တုန့်ပြန်ပုံကို သဘောကျရလွန်းတာကြောင့် ယခုထက်ထိလက်မလျှော့သေးချေ။
"ကိုယ့်ထက်ငယ်လို့ ကလေးလို့ခေါ်တာပဲ"
"အင်းလေ ခင်ဗျားက ဆံပင်ဖြူနဲ့အဘိုးကြီးပဲကိုး"
မိုးရေကြောင့် အေးစက်နေတဲ့လက်ကို ရေနွေးနွေးနဲ့ဆေးပစ်ဖို့စိတ်ကူးနဲ့ အတွင်းခန်းထဲလျှောက်ဝင်သွားရင်း ဘေးကဖြတ်သွားရတဲ့ Minho ရဲ့ဆံပင်တိုတွေကို ဆွဲဖွပြီး ရွဲ့တော့တယ်။
"ဟာ.. ကိုယ့်ရဲ့ဆံပင်တွေကိုညှပ်ပစ်ပြီး အဖြူရောင်ဆိုးပါလို့ မင်းပဲဂျီကျထားတာလေ"
"ခင်ဗျားကအဘိုးကြီးဆိုတော့ ဆံပင်အဖြူရောင်နဲ့လိုက်မှာမို့လို့ပေါ့"
YOU ARE READING
Out Of Character || MinSung FF ||
FanfictionManhwa ဟာ သိပ်စုတ်လွန်းတယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား။ Main character တစ်ယောက်ဖြစ်လာရင် ဒီ Manhwa ရဲ့ဇာတ်လမ်းကို မင်းအများကြီးပြင်ပေးနိုင်မယ်ထင်တယ်။ ငါတို့ System Website ရဲ့ ကြည့်ရှုသူတွေစိတ်တိုင်းကျဖို့ မင်းကို ယုံကြည်လိုက်မယ်။