Ep 2.အလှလေးမဟုတ်တဲ့ လူတစ်ယောက်ရဲ့ရူပကာမှာ ပထမဆုံးအကြိမ်မျောပါခြင်း

902 129 10
                                    

ဆာ​လောင်မှုဟာ ​​ဒေါသကိုပိုလို့ ​လောင်စာဖြည့်​ပေး​နေ​လေရဲ့။

ယမန်​နေ့ညကတည်းက ဟာလာဟင်းလင်းဖြစ်​နေတဲ့ အစာအိမ်ဟာ အင်မတိအင်မတန်ဆိုးရွားလွန်းတဲ့ အ​ခြေအ​နေကို​ရောက်​နေပြီဖြစ်တယ်။ ​ခြေဦးတည့်ရာ ​လျှောက်သွားရင်း စားစရာ​​သောက်စရာဟူ၍ သကြားလုံးတစ်လုံး​တောင် လက်ဝယ်မရှိခြင်းက အ​တော်ပင်ရင်နာစရာ​ကောင်းလှပါတယ်။

ဟုတ်ပါတယ်။ ယ​​နေ့ Jisung ရဲ့​အ​ခြေအ​နေက ထိုအ​ခြေအ​နေပါပဲ။

"Jisung ​ရေ Jisung ။ အဆင်သင့်ဖြစ်ပြီလား။ ပွဲကစ​တော့မယ်​နော်။ ဒီ​ည ​ရောက်​နေတဲ့ ဧည့်သည်​တွေက အ​ရေးကြီးဧည့်သည်​တွေပဲ။ နင့်အ​ကြွေး​တွေမှန်သမျှ အကုန်ဆပ်​ပေးနိုင်​လောက်တဲ့ လူကြီးမင်း​တွေ​တောင်ပါတာတဲ့။ မြန်မြန်​လေးပြင်​နော်။"

အဲ့ဒီ့စကားကိုကြားလိုက်ရတဲ့အချိန် ခန္ဓါကိုယ်ထဲ​ပြောင်းပြန်စီးဆင်းသွားတဲ့​သွေး​တွေက သူ ကပွဲရုံမှာဆက်ရှိ​နေလို့မဖြစ်​တော့ဘူးလို့ အသိ​ပေးလာတယ်။

အိမ်​ရှေ့စံနဲ့​တွေ့ဖို့လည်းမဖြစ်​သေးသလို လူအများ​ရှေ့ကပြ​ဖျော်​ဖြေဖို့ဆိုတာက​လည်း...။ သူဆိုသည်မှာ တစ်ဝမ်းကွဲတူမ​လေးကို​ ​ချော့မြူဖို့​အ​ရေး Baby Shark အက​တောင် ​ဖြောင့်​အောင်ကဖူးခဲ့သူမဟုတ်။

အချိန်ခဏအတွင်း အရှုပ်အရှင်း အတားအဆီးမရှိဘဲ ကပွဲရုံအ​ဆောက်အဦးထဲက ထွက်သွားနိုင်ဖို့အတွက် သူ့ဦး​နှောက်က ကြံစည်ခဲ့နိုင်တဲ့အ​ကောင်းဆုံး အကြံအစည်ဆိုလို့ အနီးမှာရှိ​နေတဲ့ ပြတင်း​ပေါက်က​နေ ခုန်ချဖို့ပဲရှိ​ခဲ့​တယ်။

နှစ်ထပ် အမြင့်က​နေ ခုန်ချဖို့ဆိုတာ ​တော်ရုံသတ္တိနဲ့ဆို မလုပ်နိုင်​လောက်​ပေမဲ့ အထက်တန်းတုန်းက ​ကျောင်းလစ်ချင်တိုင်း ​သုံးထပ်တိုက်​ပေါ်က နံရံကိုကုပ်တွယ်ပြီး ဆင်းခဲ့ဖူးတဲ့ Jisung အတွက်​တော့ အလွယ်ကူဆုံးအရာတစ်ခုလို ဖြစ်​နေတာ​ကြောင့် System ရဲ့ "OOC point 1000 အနုတ်ခံရမယ်​နော်" ဆိုတဲ့ သတိ​​ပေးစကားကို​တောင် အ​ရေးမစိုက်​တော့ဘဲ ခုန်ဆင်းခဲ့မိတယ်။

အဆင်း မလှခြင်း​ကြောင့် ​ခြေ​ချော်ကာ လိမ်သွား​တဲ့ ​ခြေချင်းဝတ်က အခုလမ်း​လျှောက်​နေတဲ့အချိန်မှာ အနည်းငယ်ဒုက္ခ​​ပေး​နေတာကလွဲလို့။

Out Of Character || MinSung FF ||Where stories live. Discover now