"ဘယ်ကနေ ဘယ်လို ဘာတွေဖြစ်လာတာလဲကွာ။ စား...စား။ ဟင်းရည်လေးထပ်ချက်ထားလို့ ငါသွားကြည့်လိုက်ဦးမယ်။ ထပ်စားချင်တာရှိရင် ငါ့ကိုပြောနော်။"
သူသိပ်သဘောကျခဲ့ဖူးတဲ့ Model Felix ရဲ့ သေးသေးသွယ်သွယ် ခန္ဓါကိုယ်အချိုးအစား၊ ရွှေညိုရောင် ဆံပင်ရှည်၊ ဝင်းလက်လက်အသားအရည်နဲ့ အင်မတန်လှပလွန်းပါတဲ့ Freckles တို့ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားငယ်ကို Jisung အစပထမက ရှိန်နေခဲ့မိပါသေးတယ်။ သို့သော်ငြား သူ့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုဧည့်ခံပြီး လိမ္မော်သီးအများအပြားစားထားတာတောင် တဂွီဂွီမြည်နေဆဲ သူ့ဝမ်းထဲ ဖြည့်တင်းဖို့ အစားအသောက်တစ်ဝိုင်းကိုပါပြင်ဆင်ပေးလာတဲ့ Lee Yongbok ဆိုသူ ဒီအမျိုးသားငယ်ကို ဒီဘက်ကမ္ဘာထဲရောက်လာပြီး တစ်ရက်အတွင်း တွေ့လိုက်ရတဲ့ မိတ်ဟောင်းဆွေဟောင်းပမာ အားကိုးတကြီးရှိလာမိတယ်။
သူ့ရှေ့မှာမြင်တွေ့နေရတဲ့ အရောင်အသွေးစုံလင်လှပါတဲ့ ထမင်းဝိုင်းကြောင့် မျက်ရည်အချို့ပင် ဝဲတက်လာရပြီး ဇွန်းကိုကောက်ကိုင်၊ တစ်လုပ်ဝါးကြည့်လိုက်တော့ အသက်ရှင်နေသေးတာကိုပဲ ကျေးဇူးတင်မိလာသလို။
"အဟမ်း...အဟမ်း"
စားသောက်ဆိုင်တစ်ဆိုင်ကို တစ်ယောက်တည်းအားနဲ့ အောင်အောင်မြင်မြင် စီမံနေနိုင်တဲ့ Yongbok ပြင်ဆင်ပေးထားတဲ့ အရသာတစ်ဖက်ကမ်းခပ် ထမင်းဟင်းတွေကို ပျော်ပျော်ရွှင်ရွှင် အားပါးတရ စားနေစဥ်မှာပဲ သူ့နားထဲ ပဲ့တင်ထပ်လာတဲ့ ချောင်းဟန့်သံကြောင့် Jisung စိတ်တိုသွားမိတယ်။
"တစ်မနက်လုံး ကျွန်တော်ငတ်ပြတ်နေတဲ့အချိန် ခင်ဗျားဘယ်ပျောက်နေတာလဲ။"
"System ဆိုတာ တစ်နေကုန်အားယားပြီး မင်းအနားပဲ ကပ်နေမယ်လို့ထင်နေတာလား ညီလေး။ ငါတို့မှာလည်း အိပ်ချိန်ဆိုတာရှိတယ်။ စားချိန်ဆိုတာရှိတယ်။ ရုံးကိစ္စလုပ်ရတာတွေလည်းရှိတယ်။ နားရက်လည်းရှိရတယ်။ အဲ့တော့ ငါနဲ့အဆက်အသွယ်မရတာနဲ့ ပူညံပူညံလုပ်ဖို့ မပြင်ပါနဲ့။"
YOU ARE READING
Out Of Character || MinSung FF ||
FanfictionManhwa ဟာ သိပ်စုတ်လွန်းတယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား။ Main character တစ်ယောက်ဖြစ်လာရင် ဒီ Manhwa ရဲ့ဇာတ်လမ်းကို မင်းအများကြီးပြင်ပေးနိုင်မယ်ထင်တယ်။ ငါတို့ System Website ရဲ့ ကြည့်ရှုသူတွေစိတ်တိုင်းကျဖို့ မင်းကို ယုံကြည်လိုက်မယ်။