မနက်စောစောထရတာဟာ Jisung နဲ့လုံးဝမအပ်စပ်တဲ့အလုပ်ဖြစ်တယ်။ သို့ပေမဲ့ မနေ့ညကတည်းက မနက်ကျ စောစောထဖို့ အမိန့်ပေးထားတဲ့ အရှင့်သားကြောင့် ခေါင်းပူအောင်တောင်မအိပ်နိုင်ဘဲ နှိုးသူမဲ့ နိုးနေခဲ့တာဟာလည်း Jisung ကိုခေါင်းမကြည်စေနိုင်။
အကြောတောင်ကောင်းကောင်းမဆန့်နိုင်ခင်ကတည်းက ခြေလက်မျက်နှာသန့်စင်ပြီး အရှင့်သားသွားရာနောက်ကို အမှုထမ်းအချို့နဲ့အတူ လိုက်ပါလာခဲ့ရတယ်။
ဦးတည်ရာဟာ စိမ်းစိုစိုကွင်းပြင်ကျယ်တစ်ခုမှန်း သိရတဲ့အထိ အရှင့်သားဦးဆောင်ရာနောက်ကို ခြေလျင်လိုက်လာမိရင်း ဘယ်နှကြိမ်မြောက်မှန်း မသိတော့အောင် သမ်းဝေနေမိတယ်။
အရောင်အဝါအပြည့်နဲ့ အိန္ဒြေကြီးစွာ ဦးဆောင်လျှောက်လှမ်းနေတဲ့ အရှင့်သားကလည်း ပျင်းရိပျင်းတွဲ့သူ့ကို တစ်ချက်တစ်ချက် လှည့်ကြည့်နေမှန်း ရီဝေဝေအာရုံက သတိထားမိပါရဲ့။
စိမ်းပြာရောင် ပိုးသားဝတ်ရုံက ခန့်ညားလှတဲ့ အိမ်ရှေ့စံရဲ့ ခန္ဓါကိုယ်ပေါ် ဝံ့ဝံ့ကြွားကြွားနေရာယူထားကြောင်း နံနက်ခင်းနေရောင်ခြည်က အတည်ပြုတယ်။ ဒီလောကသားမဟုတ်တာကြောင့် တော်ဝင်မျိုးနွယ်၊ ဂုဏ်ပကာသနစတာတွေကို ခေါင်းထဲမထည့်တတ်တဲ့ Jisung တောင် ယခုလို အိမ်ရှေ့စံအနီးမှာ လမ်းလျှောက်နေရရင် သိမ်ငယ်လာသလိုလို။
ဝါးခမောက်ဆောင်း ကိုယ်ရံတော်ကလည်း အိမ်ရှေ့စံရဲ့ အရောင်အဝါကို ပိုလို့ပင် သိသာထင်ရှားစေအောင် ခန့်ခန့်ညားညားလျှောက်လှမ်းနေတယ်။ ဒီမြင်ကွင်းတွေဟာ အိပ်ရေးမဝသေးတဲ့ Jisung အတွက်တော့ အိပ်မက်ဆန်နေသလိုပါပဲ။
အရှင့်သားရဲ့ခြေလှမ်းတွေတုန့်ဆိုင်းသွားတော့ အတူပါလာတဲ့ အမှုထမ်းတချို့က ဘေးဘယ်ညာမှာ နေရာယူလိုက်ပြီး ခေါင်းငုံ့အရိုအသေပေးရင်း ခစားကြတယ်။ မိမိရဲ့ တာဝန်ဝတ္တရားက ဘယ်အရာမှန်းမသိပါတဲ့ Jisung မှာတော့ ဘုံပါပျောက်နေရင်း ကြောင်စီစီမတ်တပ်ရပ်နေရလေရဲ့။
YOU ARE READING
Out Of Character || MinSung FF ||
FanfictionManhwa ဟာ သိပ်စုတ်လွန်းတယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား။ Main character တစ်ယောက်ဖြစ်လာရင် ဒီ Manhwa ရဲ့ဇာတ်လမ်းကို မင်းအများကြီးပြင်ပေးနိုင်မယ်ထင်တယ်။ ငါတို့ System Website ရဲ့ ကြည့်ရှုသူတွေစိတ်တိုင်းကျဖို့ မင်းကို ယုံကြည်လိုက်မယ်။