Ep.1 ဘယ်​နေရာမှာနိုးလာတာလဲဟ / ဘယ္​ေနရာမွာနိုးလာတာလဲဟ

1K 123 31
                                    

လေထုထဲဆိုးဆိုးရွားရွားပျံ့နှံ့​နေတဲ့ အရက်နံ့ပြင်းပြင်းက သူ့နှာဖျားကို ဒုက္ခ​ပေးဖို့ သည်းကြီးမည်းကြီးကြိုးစား​​နေတာ​ကြောင့် ​လေးလံ​နေတဲ့ မျက်ခွံ​​တွေကို ခက်ခက်ခဲခဲပင့်တင်ရင်း နိုးထလာရတယ်။

သူမှတ်မိသ​​လောက်​​တော့ မ​နေ့ညက အရက်မ​​သောက်ဘဲ Ramen စားပြီးအိပ်​ပျော်သွားခဲ့တာပါပဲ။ အမှိုက်​တွေရှုပ်ပွ​နေလို့များ အခန်းပတ်ဝန်းကျင်ဟာ ပုပ်သိုးပြီး အရက်နံ့နဲ့ဆင်တူယိုးမှားရှိလာ​လေသလားလို့ ​တွေးလိုက်မိတာ​ကြောင့် ဒီတစ်ပတ်​ကျောင်းပိတ်ရက်​တော့ အခန်းရှင်းရမယ်ဆိုတဲ့အစီအစဥ်ကို အိပ်တစ်ဝက်နိုးတစ်ဝက်အ​နေအထားနဲ့ကြံစည်လိုက်မိတယ်။

​နေ​ရောင်ခြည်စူးစူးရှရှ ကျ​ရောက်လေ့မရှိတဲ့​နေရာမှာ ကုတင်ကိုတမင်​ရွှေ့​ပြောင်းထားတာ​ကြောင့် Alarm မြည်လာခဲ့လျှင်တောင် ပိတ်ပြီး အချိန်ပိုပြန်နှပ်တတ်​​ပေမဲ့ ဒီမနက်မှာတော့ ​Alarm မမြည်​သေးတာ​တောင် သူ့မျက်နှာ​ပေါ် ပိုင်စိုးပိုင်နက်ဖြာကျလာတဲ့ ​နေ​ရောင်ခြည်​နွေး​နွေး​ကြောင့် သူဆက်အိပ်​နေလို့မရ​တော့။

သတိတရားက သူ့ဦး​နှောက်ထဲ ​နေရာတကျအိပ်​​ပျော်နေတုန်းရှိ​သေးတဲ့အ​နေအထားမှာ​တောင် ပတ်ဝန်းကျင်ဟာ သူနဲ့အကျွမ်းတဝင်ရှိ​နေတဲ့​ ​နေရာမဟုတ်​ကြောင်း ခံစားမိတာ​ကြောင့် သတိကို အတင်းလှုပ်နှိုးဆွဲ​ခေါ်ရင်း ထထိုင်လိုက်တယ်။

သူ့အာရုံဟာ သူ့ကိုလွဲမှားတဲ့သတင်းပို့​ပေးခဲ့တာမဟုတ်။ အမှန်တကယ်ကိုပဲ ရောက်​နေတဲ့​နေရာက သူမရမကပူဆာလို့ ဖေဖေမသိအောင် မေမေ ခိုးပေးထားတဲ့ပိုက်ဆံလေးနဲ့ ​လောက်ငှစွာငှားထားရတဲ့ အခန်းကျဥ်း​လေးဟုတ်မ​နေဘူး။

သစ်သားနံရံပါးပါးနဲ့ဖွဲ့စည်းထားပြီး ​သံသေတ္တာတစ်လုံး၊ ​ရှေး​ဟောင်းဒီဇိုင်းအမျိုးအစားဆို​ပေမဲ့ အို​ဟောင်း​နေခြင်းသိပ်မရှိတဲ့ ပစ္စည်းအချို့တင်ထားတဲ့ စားပွဲခုံတစ်စုံ၊ စားပွဲအောက် ပြန့်ကျဲ​နေတဲ့ အဖြူ​ရောင်ပုလင်းအချို့၊ ​ကြေးမုံပြင်တစ်ချပ် စတဲ့အရာဝတ္တု​တွေ ​နေရာတကျ ရှင်းရှင်းလင်းလင်းတည်ရှိ​နေတဲ့ အခန်းငယ်ထဲ နိုးထလာရတာဟာ အဘယ်အ​ကြောင်း​​ကြောင့်လဲဆိုတာ သူစဥ်းစားမရဘူး။

Out Of Character || MinSung FF ||Where stories live. Discover now