သဘာဝနဲ့ဆန့်ကျင်စွာ အပူချိန်မြင့်မားတယ်လို့ လူသိများတာကြောင့် ဖြတ်သွားဖြတ်လာတောင်မရှိလောက်အောင် ခြောက်ကပ်နေတတ်တဲ့ ဂူတွေရဲ့ရှေ့ ယနေ့မနက်မှာတော့ ပုံမှန်နဲ့မတူအောင် လူအချို့ရှိနေတယ်။
ပေါ်ပေါ်ထင်ထင်သွားလာလှုပ်ရှားနေကြတာမျိုးမဟုတ်ဘဲ သစ်ပင်ခြုံနွယ်တွေကို အကာအကွယ်ပြု ကျောက်တုံးကြီးများနောက်ပုန်းလျှိုးကွယ်လျှိုးနဲ့ အခြေအနေကိုရိပ်စားနေကြခြင်းဖြစ်တယ်။
အဲ့ဒီ့လူစုလူဝေးကို ဦးဆောင်ညွှန်ကြားနေသူကတော့ အိမ်ရှေ့စံရဲ့ နံပါတ်တစ်လူယုံတော် သက်တော်စောင့် Kim သာ။ ဂူကြီးရှေ့ အစောင့်အကြပ်တစ်စုံတစ်ယောက်မျှတောင်မတွေ့ရတာကြောင့် အခြေအနေကိုမသင်္ကာတော့သော်ငြား သတိထားရှေ့ဆက်ဖို့ လက်ပြအချက်ပေးလိုက်တော့ အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့တပ်သားတွေဟာ ဂူအနီးသို့ အသီးသီးချီတက်သွားကြတယ်။
ထိုတပ်သားများထဲ စစ်ဆင်ရေးတွေနဲ့အကျွမ်းတဝင်ရှိမနေတဲ့ ပညာရှင် Hwang လည်းအပါအဝင်။ ပညာရှင် Hwang နဲ့ပတ်သက်ပြီး သက်တော်စောင့် Kim သိပ်စိတ်မချသော်လည်း ယခုထိတိုင် ပြဿနာတစ်စုံတစ်ရာပြုလုပ်ခြင်းမရှိသေးတာမို့ စိတ်လျှော့လိုက်ကာ စစ်ဆင်ရေးတပ်သားများကိုသာ အာရုံစိုက်ဦးဆောင်နေလိုက်ခြင်းဖြစ်တယ်။
"အခြေအနေဘယ်လိုလဲ"
အနက်ရောင်ဝတ်စုံပြည့်ကိုဝတ်ဆင်ထားတဲ့လူတစ်ဦးက သူ့အနားရောက်လာကာ အသံခပ်တိုးတိုးဖြင့် ထိုသို့မေးလာတော့ သက်တော်စောင့် Kim စိတ်ပျက်သွားမိတယ်။ သေချာပေါက် ဒီလူဟာ သူ့စစ်ဆင်ရေးတပ်ဖွဲ့ထဲက တပ်သားတစ်ယောက်မှမဟုတ်ဘဲ။
"ခင်ဗျားဘာလာလုပ်တာလဲဗျာ။ ဒဏ်ရာတွေလည်းသက်သာသေးတာမဟုတ်ဘဲနဲ့။"
သက်တော်စောင့် Kim စိတ်ပျက်လက်ပျက်ဖြစ်နေဟန်ကို အပြည့်အဝဖော်ကျူးပြီး လေသံကလေးနှင့် ဆိုတော့ Jisung ဆီမှ စပ်ဖြီးဖြီးရယ်သံတစ်ခုကထွက်ပေါ်လာတယ်။ မျက်နှာကို အမည်းရောင်အဝတ်တစ်ခုနဲ့ဖုံးအုပ်ထားတာကြောင့် သေသေချာချာမမြင်ရပေမဲ့ ဒီလူသေချာပေါက် သူ့ကိုမျက်နှာချိုသွေးနေလိမ့်မယ်လို့ သက်တော်စောင့် Kim တွေးလိုက်မိတယ်။
YOU ARE READING
Out Of Character || MinSung FF ||
FanfictionManhwa ဟာ သိပ်စုတ်လွန်းတယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား။ Main character တစ်ယောက်ဖြစ်လာရင် ဒီ Manhwa ရဲ့ဇာတ်လမ်းကို မင်းအများကြီးပြင်ပေးနိုင်မယ်ထင်တယ်။ ငါတို့ System Website ရဲ့ ကြည့်ရှုသူတွေစိတ်တိုင်းကျဖို့ မင်းကို ယုံကြည်လိုက်မယ်။