Ep.14. သူ့အချစ်​ကြောင့် ဖြစ်တည်လာတဲ့ ကိုယ့်အမုန်း

605 89 4
                                    

​ထောင့်တစ်​ထောင့်တွင် ငြိမ်ငြိမ်ထိုင်​နေရာက Jisung အ​တွေးများ​နေမိတယ်။ အ​​တွေးများ​နေရင်းက ​ဆေးရွက်တစ်ရွက်ကို လက်ဖြင့်​ချေ​နေမိရာ ​ထောင်းစရာမလို​လောက်​​တော့​အောင်ပင် ဖွတ်ဖွတ်ညက်ညက်​​ကြေ​နေပြီလည်းဖြစ်တယ်။

Seo System ကလည်း သူ့နားထဲ​ပေါက်​ပေါက်​ဖောက်​နေ​ပေမဲ့ ​သေ​သေချာချာမကြားနိုင်​​တော့​​လောက်​အောင်ကို သူအ​တွေးများ​နေရတယ်။

နန်း​တော်တွင်း မနက်ဖြန်ကျင်းပမယ့် သံတမန်ကြိုဆိုပွဲမှာ ​ဖျော်​ဖြေဖို့ရာ ခန့်အပ်ထားတဲ့ က​ချေသည်ရဲ့ ကျန်းမာ​ရေးကိုစစ်​ဆေးကြည့်ဖို့ သမား​တော်အိမ်ရာဆီသို့ ယ​နေ့မနက်က အမိန့်ကျလာတယ်။ သမား​တော် Bang ကလည်း သူ့ကိုကူညီ​ပေးဖို့အတွက် Jisung ကိုလက်​ထောက်အဖြစ် လိုက်ပါလာဖို့ ​​ခေါ်​ဆောင်လာခဲ့တယ်။

အဓိကက သံတမန်ကြိုဆိုပွဲဆိုတာနဲ့ သူ့​ခေါင်းထဲကို အလင်းတစ်ခု​ပေါက်လာခဲ့တာပဲ။ မူရင်း Manhwa အရဆို မနက်ဖြန် သံတမန်ကြိုဆိုပွဲမှာ ​ဖျော်​ဖြေရမယ့် က​ချေသည်ဟာ Villain ရဲ့လက်​ချက်​ကြောင့် ပွဲက​နေထွက်ခွာခဲ့ရတယ်။ ထိုအစား အလှ​လေး Han Jisung ကကပြ​ဖျော်​ဖြေ​ပေးခဲ့တယ်ဆိုတဲ့အချက်ကို Jisung ပြန်​ပြောင်းသတိရလာခဲ့တယ်။

အဲ့ဒီ့ပြဿနာကို သူမည်သို့မည်ပုံ ​ဖြေရှင်းရမယ်မှန်း မသိ။ ထို့​ကြောင့်လည်း အ​တွေးများ​နေရခြင်းဖြစ်တယ်။

ကကွက်​တွေကို သူသင်ယူထားလိုက်သင့်သလား။ သင်ယူမယ်ဆိုလျှင်​ရော အခုတာဝန်​ပေးအပ်ခံထားရတဲ့ အကသမားကို ဘယ်လို​တောင်းဆိုရပါ့မလဲ။ ​​သည့်အပြင် သူဆိုသည်မှာ အကသ​ဘောတရားကိုလည်းနားမလည်။ ကလည်းမကတတ်။

မနက်ဖြန်ပွဲမှာ အကသမား ပွဲကမထွက်ခွာသွား​အောင် ကာကွယ်ဖို့ရာလည်း သူမတတ်နိုင်။ Villain မည်သို့မည်ပုံကြံစည်ထားသည်ကို သူမသိ။ သူသာဝင်မကလျှင်လည်း ပွဲကိုဦးစီးဦး​ဆောင်ပြု​နေတဲ့ အိမ်​ရှေ့စံရဲ့ ဂုဏ်ဟာ ပြိုလဲရ​ချေဦးမယ်။ သို့ဆိုလျှင် Villain သည်လည်း အနိုင်ရ​ချေဦးမယ်။

"ကဲ... မင်းဘယ်လိုလုပ်မှာလဲ"

အလိုက်ကမ်းဆိုးမသိတဲ့ Seo System က အမဲသားကို တမြုံ့မြုံ့ဝါး​နေတဲ့အသံကြားက​နေ ​မေးခွန်းထုတ်လာတယ်။

Out Of Character || MinSung FF ||Where stories live. Discover now