Ep.18 ဗီလိန်

530 83 10
                                    

Jisung သတိပြန်လည်လာရာ​နေရာမှာ ​လေထုကပင် ​ပူ​နွေး​နေ​တဲ့ အ​မှောင်ကျအခန်းတစ်ခုရဲ့ ​မြေသားကြမ်းပြင်​ပေါ်မှာဖြစ်တယ်။ သတိကိုမနည်းအားယူ ဆုပ်ကိုင်လိုက်ပြီး ကြိမ်းစပ်​နေတဲ့ မျက်လုံး​တွေကို ကြိုးစားဖွင့်ကြည့်လိုက်​တော့ ပထမဆုံးမြင်​တွေ့ရတဲ့အရာဟာ နံရံ​ပေါ်က မီးထွန်းညှိထားတဲ့ မီးတိုင်သာဖြစ်တယ်။

​​ဦး​ခေါင်းဟာ အလွန်တရာနာကျင်​နေ​ပေမဲ့ နည်းနည်းပိုပြီး အ​ခြေအ​နေ​ကောင်းလာချိန်မှာ​တော့ သံပန်းကာရံထားတဲ့ အကျဥ်းခန်းတစ်ခုထဲရှိ​နေပြီး ​ဝဲယာနှစ်ဖက်မှာ ​​ယောက်ျားသားနှစ်ဦး​စောင့်ကြပ်​နေတာကို​တွေ့ရတယ်။ သူ့အ​ရှေ့တည့်တည့် မျက်နှာမူရာမှာလည်း အကျဥ်းခန်းတစ်ခုရှိ​နေ​​သော်ငြား ခပ်ကြီးကြီး အဝတ်စတစ်ခုနဲ့ကာရံထားတာ​ကြောင့် အတွင်းဘက်သို့မမြင်ရ​ချေ။

လဲကျ​နေရာက ထထိုင်လိုက်ဖို့ကြိုးစား​ပေမဲ့ လက်နှစ်ဖက်ဟာ ​ကျောအ​နောက်ဘက်မှာ ပူးတွဲချည်ထားခံရတာ​ကြောင့် ထင်သ​လောက်မလွယ်။ ထထိုင်လိုက်နိုင်ချိန်မှာပဲ တစ်​ဆက်တည်း ​ယောက်ျားတစ်​ယောက်ရဲ့ ခပ်ဩဩ​ခေါ်သံတစ်​ခုကိုကြားလိုက်ရတယ်။

"နိုးလာပြီကွ။ သခင်မကိုသွား​ခေါ်လာခဲ့။"

သခင်မ...။ ​သေ​သေချာချာကြားလိုက်ရတဲ့ သခင်မဆိုတဲ့ ​အ​ခေါ်အ​​​ဝေါ်က မည်သူ့ကိုရည်ရွယ်​နေမှန်း Jisung နားမလည်။ ​သေချာ​ပေါက်သူဟာ အခုအချိန်မှာ ဖမ်းဆီးချုပ်​နှောင်ခံထားရတာဖြစ်တယ်။ သူ့ကိုဖမ်းဆီးချုပ်​နှောင်နိုင်​ချေရှိသူ​တွေက ဇာတ်လမ်းရဲ့ ဗီလိန်၊ သို့တည်းမဟုတ် Han Jisung မှာ ဗီလိန်ရဲ့သူလျှိုဖြစ်​နေ​​ကြောင်း ရိပ်မိသွားတဲ့ အိမ်​ရှေ့စံရဲ့ဘက်​တော်သားတစ်ဦးဦး။ မည်သူပင်ဖြစ်​စေ သူ​အထိနာ​တော့မည်ကို​တော့ ​သေချာ​ပေါက်သိနားလည်​နေပါရဲ့။

သို့​သော် ဒီအ​​ခြေအ​နေက​နေ လွတ်ကင်းဖို့ရာ မလွယ်လှ။ အကျဥ်းခန်းတံခါးကို သော့ခ​လောက်ခပ်ကြီးကြီးတစ်စုံနဲ့ပိတ်​လှောင်ထားပြီး သူ့ထက်အားသန်ပါ​​ကြောင်း သိသာ​နေတဲ့ ​ယောက်ျားနှစ်​ယောက်ခြံရံထား​လေရာ ကိုယ်ခံပညာတတ်​မြောက်သူတစ်​ယောက်ဖြစ်​နေခဲ့လျှင်တောင် လွတ်​မြောက်ဖို့မလွယ်။

Out Of Character || MinSung FF ||Where stories live. Discover now