Ep.17 ဒိတ်

575 89 15
                                    

"အရှင့်သား... ကျွန်​တော်မျိုးကို​ခေါ်တယ်ဆိုလို့ပါ။"

အိမ်​ရှေ့စံရဲ့ အခန်းထဲကို ခွင့်​တောင်း​ခြေချလိုက်ပြီး ​မျက်နှာ​အောက်ချ စကားစ​​တော့ အိမ်​ရှေ့စံက ထိုင်​နေရာမှ တက်ကြွစွာထလာကာ ​သေတ္တာငယ်တစ်ခုကို သူ့အ​ရှေ့ယူလာ​လေတယ်။

"ဖွင့်ကြည့်လိုက်"

​သေတ္တာငယ်ကို Jisung ​ရှေ့ချလိုက်ပြီး မျက်ခုံးပင့်ပြကာ ဆို​တော့ Jisung မှာ ​ကြောင်အ​နေတုန်း။

"ဖွင့်ကြည့်ပါဆို"

​နောက်တစ်ကြိမ်ထပ်၍ ခိုင်း​စေ​တော့ Jisung တွန့်ဆုတ်စွာနဲ့ပဲ ​​​သေတ္တာငယ်ကိုဖွင့်ကြည့်လိုက်ရတယ်။

"ဒါက..."

​ရွှေချည်မျှင်​လေးများ ​သေသပ်စွာ ထိုးထားတဲ့ ပိုးသားဝတ်စုံကိုမြင်လိုက်ရ​တော့ အံ့ဩမင်သက်ရစွာ အိမ်​ရှေ့စံမျက်နှာကိုလှမ်းကြည့်ရင်း ​မေးမိတယ်။ အိမ်​ရှေ့စံမှာ​တော့ အလွန်တရာ ဂုဏ်ယူ​နေဟန်။

"ဝတ်ကြည့်လိုက်"

ခမ်းနားလွန်းလှတဲ့ အပြာနု​ရောင်ဝတ်ရုံမှာ ​သေချာ​ပေါက် ​တော်ဝင်မျိုးနွယ်တစ်ဦးအတွက်သာ ချုပ်လုပ်ထားခြင်းဖြစ်လိမ့်မှာမို့ အိမ်​ရှေ့စံရဲ့စကားကို Jisung ​တွေ​ဝေသွားရတယ်။

"အရှင့်သားကို ကူပြီးဝတ်​ပေးရမှာလား"

"မင်းကိုဝတ်ခိုင်း​နေတာ"

အံ့ဩတကြီး​မော့ကြည့်​တော့ အိမ်​ရှေ့စံက လည်ပင်းကို အရှက်သည်းစွာပွတ်သပ်ကာ မပီမသ စကားတစ်ခွန်းကိုဆိုတယ်။

"ဒါဝတ်ပြီး ကိုယ်နဲ့ တစ်​နေရာကိုလိုက်ခဲ့။ ဒိတ်လုပ်ကြရ​အောင်။"

Jisung မျက်လုံးမျက်စံပြူးသွားရတယ်။ ဒီအသုံးအနှုန်းဟာ ဒီဘက်​ခေတ်မှာမရှိ​သေး​တာ မဟုတ်​ချေဘူးလား။

"ဘာကိုဆိုလိုမှန်း​တော့မသိ​ပေမဲ့ ကိုယ်ဒီလို​ပြောလိုက်ရင် မင်းနားလည်လိမ့်မယ်တဲ့"

ထိုအခါမှ Jisung ရင်​အေးသွားရပြီး သက်မတစ်ချက်ရှိုက်လိုက်မိတယ်။ အိမ်​ရှေ့စံကပါ ကမ္ဘာကူး​ပြောင်းလာတဲ့ ​နောက်ထပ်လူတစ်​ယောက်လို့ သတ်မှတ်မိ​​တော့မလို့။

Out Of Character || MinSung FF ||Where stories live. Discover now