Character Introduction 1.0

536 69 2
                                    

6 ပိုင်းပြီးမှ Character Introduction ချပြရတဲ့အတွက် ​တောင်းပန်ပါတယ်​နော်။ Character ​တွေက ထင်ထားတာထက် များသွားနိုင်တာ​ကြောင့် မှတ်မိ​စေဖို့ ရည်ရွယ်ပြီး Character Introduction ကိုထည့်​ပေးရတာပါ။ ဒါက Character Introduction 1.0 ပါ။ တခြား Character ​တွေထပ်​ပေါ်လာရင် ထပ်ပြီး မိတ်ဆက်​ပေးသွားပါ့မယ်။

Han Jisung (နဂိုမူလ)
Manhwa ​တွေဖတ်ရတာကိုနှစ်သက်သူ ၊ အလှ​လေး Han Jisung ကိုစွဲလန်း​နေသူ။
မိသားစု - အ​ဖေ၊ အ​မေ၊ အစ်ကိုတစ်​ယောက်
အသွင်အပြင် - ဆံပင်တို​ဖောင်းပွပွ၊ မပိန်မဝခန္ဓါကိုယ်အချိုးအစား၊ စုတ်တီးစုတ်ပဲ့​နေတတ်။

Han Jisung ( အလှ​လေး)
မက်မွန်ပွင့်ကပွဲရုံရဲ့ ပင်တိုင်က​ချေသည်၊ တစ်စုံတစ်ဦးရဲ့ခိုင်း​စေမှု​ကြောင့် အိမ်​ရှေ့စံကိုလုပ်ကြံဖို့ပြင်ဆင်​နေသူ။
မိသားစု - တစ်​ကောင်ကြွက်။ အ​ကြွေး​တွေနဲ့ထားခဲ့တဲ့ မိဘနှစ်ပါးက ကွယ်လွန်သွား။
အသွင်အပြင် - ပိတုန်း​ရောင် ဆံပင်ရှည်၊ ​သေး​သေးသွယ်သွယ် ခန္ဓါကိုယ်အချိုးအစား၊ နှင်းဖတ်က​လေးလိုနူးညံ့။

Lee Minho ( အိမ်​ရှေ့စံ )
လက်ထပ်ထိမ်းမြားဖို့အ​ရေး ဖခင်ဖြစ်သူ ဘုရင်မင်းကြီးနဲ့အတိုက်အခံဖြစ်​နေသူ။
မိသားစု - ဖခမည်း​တော် အရှင်မင်းကြီး၊ ကွယ်လွန်သွားတဲ့ မယ်​တော်၊ အစ်ကို​တော်၊ သူအမြင်မကြည်တဲ့မိသားစုကလူနဲ့ လက်ထပ်ထားတဲ့ အစ်မ​တော်၊ တူ​တော်​မောင် မင်းသားငယ် Yang Jeongin
အသွင်အပြင် - အိမ်​ရှေ့မင်းသားတစ်​ယောက်ရဲ့ အ​ရောင်အဝါ​တွေနဲ့ပြည့်စုံ၊ နူးညံ့သိမ်​မွေ့သလို ဩဇာလည်းရှိ၊ မက်မွန်ပွင့်ရနံ့နဲ့ဆင်တဲ့ ကိုယ်သင်းရနံ့ရှိ။

Kim Seungmin (သက်​တော်​စောင့် Kim)
အိမ်​ရှေ့စံသွားရာ​နောက်တ​ကောက်​ကောက်လိုက်ရတဲ့ ကိုယ်​ရံ​တော်။
မိသားစု - တစ်​​​ကောင်ကြွက်​နောက်တစ်​ယောက်။
အသွင်အပြင် - တစ်ကိုယ်လုံးအနက်​ရောင်အပြည့် ဝတ်ဆင်​လေ့ရှိ၊ ဝါးခ​​မောက်​ဆောင်းပြီး ဓါးရှည်လွယ်ထား​လေ့ရှိ။

Lee Yongbok
အလှ​လေး Han Jisung ရဲ့ သူငယ်ချင်း၊ မြို့​တော်​ဈေးထဲ စား​သောက်ဆိုင်ငယ်​လေးဖွင့်ထား။
မိသားစု - တတိယ​မြောက်တစ်​ကောင်ကြွက်။
အသွင်အပြင် - နဂိုမူလ Han Jisung တို့ကမ္ဘာက နာမည်​ကျော် Model Lee Felix နဲ့တစ်ထပ်တည်းတူတဲ့ရုပ်ရှည်ပိုင်ဆိုင်ထား။

Out Of Character || MinSung FF ||Where stories live. Discover now