Ep.12. အမေ့လျော့ခံ အနမ်းတစ်ပွင့်

654 98 20
                                    

စားပွဲရှည်ကြီး၏ထိပ်တွင် စိတ်ရှုပ်​နေ​လေဟန် မျက်​မှောင်ကျုံ့ပြီး ထိုင်​နေတဲ့ အိမ်​ရှေ့စံကလွဲပြီး စားပွဲတစ်​လျှောက်ရှိ အခြားပုဂ္ဂိုလ်များမှာ ဆိတ်ငြိမ်စွာ ရှိ​နေ​လေတယ်။

အသံတစ်သံမှမထွက်​သော်ငြား မကြာခင်​ပေါက်ကွဲသွား​တော့မလို တင်းမာ​နေတဲ့​လေထု​ကြောင့် အိမ်​ရှေ့စံ​ဘေး ရပ်​နေတဲ့အထိန်း​တော် မိန်းက​လေးပင် ဒီ​နေရာက ချက်ချင်းထွက်​ပြေးသွားချင်​နေ​လေရဲ့။

မိနစ်ပိုင်းမျှအကြာမှာ​တော့ အိမ်​ရှေ့စံကပင် စကားစလာတယ်။ ထိုအခါမှသာ တုတ်တုတ်မျှမလှုပ်ရဲတာ​​ကြောင့် အသက်ပင်​အောင့်ထားမိတဲ့ အထိန်း​တော်ထံမှ အသက်ခိုးရှူသံသဲ့သဲ့ထွက်​ပေါ်လာ​​တော့တယ်။

"ကဲ ဒီ​​နေ့ညီလာခံကိုဒီမှာပဲ ရပ်ထားကြရ​အောင်။ အရှင်မင်းကြီးလည်း ​ကျန်းမာ​ရေး​​ကြောင့် အနားယူသင့်တာမို့ ဒီကိစ္စကို ကျုပ်ပဲ တာဝန်ယူ​ဖြေရှင်းပါ့မယ်။"

"​အိမ်​ရှေ့စံ.."

အိမ်​ရှေ့စံစကားကိုအဆုံးသတ်လိုက်ချိန်မှာပဲ အနီးမှာထိုင်​နေတဲ့ မင်းသမီးက အစချီလာပြန်​တော့ မျက်လုံးလှန်ကြည့်ကာ အာရုံစိုက်​နေ​ကြောင်းပြလိုက်တယ်။

"အရှင့်သားတစ်​ယောက်တည်း တာဝန်ယူရမယ့်ကိစ္စ​တွေက များတယ်မဟုတ်လား။ အခုကုန်သွယ်​ရေးပြဿနာကိုလည်း ​ဖြေရှင်းရဦးမယ်ဆို​တော့ ​နောက်လာမယ့်သုံးရက်အတွင်းကျင်းပရမယ့် သံတမန်ကြိုဆို​ဖျော်​ဖြေပွဲကို အခြားအမတ်တစ်​ယောက်ကို တာဝန်​ပေးလိုက်ရင် ပို​ကောင်းမယ်ထင်တယ်"

အစ်မ​တော်ရဲ့​ပြောစကားကို သူ့​ခေါင်းထဲ​အေး​​အေး​ဆေး​ဆေးမစဥ်းစားနိုင်ခင်မှာပဲ အစ်မ​တော်ညွှန်ပြလာတဲ့ လူရဲ့မျက်နှာကိုမြင်လိုက်တာနဲ့ အိမ်​ရှေ့စံထံ အ​ဖြေတစ်ခုအဆင်သင့်ရှိလာ​တယ်။

"ဒီလိုပွဲ​တွေကိုတာဝန်ယူ​နေကျ အမတ် Yang ကိုတာဝန်..."

"ရပါတယ်။ ကျွန်​တော်လုပ်နိုင်ပါတယ်။ အိမ်​ရှေ့မင်းသားတစ်​ယောက်က ဒီ​လောက်တာဝန်​လေးကို​တော့လုပ်နိုင်ရမှာ​ပေါ့။ မဟုတ်​ချေဘူးလား မင်းသမီး.."

Out Of Character || MinSung FF ||Where stories live. Discover now