Part _ 6

243 31 7
                                    

UNICODE

ဆောင်ဟွန်း နေမကောင်းချင်သလိုဖြစ်နေသော်လည်း skatingအတွက် trainingသွားရဦးမည်ဖြစ်သောကြောင့် အားတင်း၍သာသွားလိုက်သည်။ ဟိုရောက်မှ နည်းပြကိုအကျိုးအကြောင်းရှင်းပြပြီး စောစောနားမည်ဟုတွေးထားလိုက်သည်။

trainingနေရာသို့‌ရောက်သော် အတူတူလေ့ကျင့်ကြမည့် အခြားသူများကိုလည်းတွေ့ရလေသည်။ figure skatingက မိန်းကလေးပိုများသောကြောင့် ယောက်ျားလေးဆိုလို့ ဆောင်ဟွန်းတစ်ယောက်သာရှိလေသည်။ အစကတော့ အနေရခက်သော်လည်း ကြာလာတော့ သူတို့လည်းသူတို့လေ့ကျင့်စရာရှိတာလေ့ကျင့် ကိုယ်ကလည်းကိုယ်လေ့ကျင့်စရာရှိတာသာလေ့ကျင့်နေလိုက်သည်။

တစ်ခါတစ်လေတော့လည်း ထိုမိန်းကလေးများမှာ ဆောင်ဟွန်းဆီသို့ရောက်လာပြီး သူတို့သိချင်တာများကိုမေးလေ့ရှိ၏။ အကြောင်းအရင်းကတော့ တစ်ခုသာရှိလေသည်။ ရှင်းမ်အကြောင်းသာဖြစ်သည်။ ကိုယ်ကရှင်းမ်နှင့်အရင်းနှီးဆုံးသူဖြစ်သောကြောင့် ရှင်းမ်အကြောင်းကိုသိသိသာသာတစ်မျိုး မသိမသာတစ်မျိုး‌မေးတတ်ကြသည်။

တစ်ခါတစ်လေ လက်ဆောင်တွေလည်းပေးခိုင်းတတ်ကြသည်။ တကယ်တော့ အဲ့လိုလက်ဆောင်တွေပေးခိုင်းတဲ့အချိန်ဆိုရင် ချက်ချင်းငြင်းပစ်လိုက်ချင်သော်လည်း တစ်မျိုးထင်သွားမည်စိုးသောကြောင့် ယူလာပေးတတ်ရသည်။ နောက်ပိုင်းတော့ အကြောင်းတစ်ခုခုပြ၍ငြင်းရလေသည်။ မငြင်းလို့လည်းမရ။ ကိုယ်ချစ်တဲ့သူကို ကိုယ်ကနေတစ်ဆင့် လက်ဆောင်တွေပေးပြီးပိုးပန်းတာကို ဘယ်သူကကြိုက်မှာလဲ။ ရှင်းမ်က ငါဆိုတဲ့ပတ်ဆောင်ဟွန်းရဲ့အပိုင်လို့ ပြောလိုက်ချင်သော်လည်း တကယ့်လက်တွေ့မှာတော့ ဘယ်သူ့ဘယ်သူ့ကိုမှမပိုင်တဲ့ သူငယ်ချင်းတွေပဲမလား။

ရှင်းမ်နှင့်ကိုယ့်အကြောင်းတွေးလိုက်ရင် စိတ်တွေလေးလံပြီး အနာဂတ်မှာဘာတွေဖြစ်မလဲမသိဘဲ ဝေဝေဝါးဝါးသာ။ ထို့ကြောင့် တွေးလက်စအတွေးတွေကိုရပ်ပြီး လေ့ကျင့်စရာရှိတာကိုသာ လေ့ကျင့်နေလိုက်သည်။ Finalပွဲကလည်းနီးပြီဖြစ်သောကြောင့် ကြိုးကြိုးစားစားလေ့ကျင့်မှဖြစ်လေမည်။

Near And DearWhere stories live. Discover now