UNICODE
ဒီနေ့ဟာလည်း ပုံမှန်နေ့ရက်တွေလိုပါပဲ Seoulမြို့ကြီးက အလုပ်သွားသူ၊ ကျောင်းသွားသူများနှင့် ရှုပ်ယှက်ခတ်လျက်ရှိလေသည်။
နာဘီတစ်ယောက် ကျောင်းသွားနေသည့်လမ်းတစ်လျှောက် ကားအပြင်ဘက်ရှိ ကမ္ဘာလောကကြီးကိုကြည့်ရင်း အတွေးများနေလေသည်။
ရှေ့တွင် ကားမောင်းနေသော ဒရိုင်ဘာနှင့် ပါပါးရဲ့လူယုံ သက်တော်စောင့်ဦးလေးတို့ကိုကြည့်ရင်း နာဘီ သက်ပြင်းချလိုက်မိသည်။ နောက်သို့လှည့်ကြည့်လိုက်သည့်အခါ သက်တော်စောင့်လေးယောက်ပါသည့် နောက်ထပ်ကားတစ်စီးကို တွေ့လိုက်ရလေသည်။
အခုတလော ပါပါးရဲ့ပြိုင်ဘက်companyများက အနည်းငယ်ထကြွနေကြသဖြင့် စိတ်ပူသည်ဟုဆိုကာ သက်တော်စောင့်တွေထပ်ထည့်ပေးလိုက်ခြင်းပင်။
လိုလေသေးမရှိပြည့်စုံနေတဲ့ ဘဝကြီးက တခါတလေပျော်ရွှင်စရာကောင်းသော်လည်း၊ တခါတလေတော့လည်း စိတ်ကျဉ်းကြပ်၍ အတော်လေးငြီးငွေ့စရာကောင်းလေသည်။
ဒီလိုနှင့် ကျောင်းရောက်မှသာလျှင် နာဘီလည်း လှောင်အိမ်ထဲမှလွတ်သည့် ငှက်ကလေးကဲ့သို့ လွတ်လွတ်လပ်လပ်ရှိသွားလေ၏။
တော်သေးတာပေါ့ စာသင်ခန်းအထိလိုက်မလာလို့။ ဒါတောင် သူတို့ကျောင်းရှေ့တွင် အမြဲရှိကြောင်း၊ တစ်ခုခုဆိုရင် ချက်ချင်းအကြောင်းကြားရန် မှာတမ်းခြွေသွားလေသည်။
ဟူး စိတ်ညစ်လိုက်တာနော်..
******************************
မနက်ပိုင်းအတန်းချိန်များပြီးသော် နေ့လည်စာစားရန် ဟယ်မီနဲ့အတူ စားသောက်ခန်းသို့လာခဲ့လေသည်။
ထို့နောက် စားပွဲတစ်ခုတွင်ထိုင်၍ ထမင်းစားရင်း စကားပြောနေလိုက်သည်။
ထိုအချိန်တွင် စားသောက်ခန်းထဲသို့ဝင်လာသော ဆောင်ဟွန်းနှင့်ရှင်းမ်ဂျယ်ယွန်းကိုတွေ့လိုက်ရလေသည်။
ရယ်မောပျော်ရွှင်စွာဝင်လာသော ထိုသူနှစ်ယောက်ကိုကြည့်ရင်း မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ဟယ်မီ့အား နာဘီသိချင်နေသောအကြောင်းအရာကိုမေးရန် စကားစလိုက်လေသည်။
