UNICODE
မနက်ခင်း၏စူးရှသောနေရောင်ခြည်သည် လိုက်ကာစများကိုထိုးဖောက်၍ အခန်းအတွင်းသို့ ဝင်ရောက်အလင်းဖြာနေလေသည်။ အခန်းတွင်းရှိ ကြီးမားသောမွေ့ယာပေါ်တွင် အိပ်ပျော်နေသော ကောင်လေးသည်လည်း အခန်းတွင်းသို့ကျရောက်လာသော အလင်းရောင်များကြောင့် နိုးလာခဲ့လေပြီ။
မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က ရင်းနှီးနေသောမျက်နှာကျက်တစ်ခု။
အနည်းငယ်မူးနေသောခေါင်းကိုလက်ဖြင့်ထိန်းကိုင်လိုက်သည်။ လက်တွင်စည်းထားသောပတ်တီးကိုမြင်သောအခါ အတွေးထဲရောက်လာသည်က သူ... သူမှလွဲ၍တခြားသူမဖြစ်နိုင် သူတစ်ယောက်တည်းကသာ ကိုယ့်ကိုဂရုစိုက်ပေးသူ။
အိပ်ရာပေါ်မှထရင်း မျက်နှာသစ် ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းသို့သာဝင်ခဲ့လိုက်သည်။
အဝတ်အစားလဲပြီး၍ ထမင်းစားခန်းသို့ရောက်သော် ခဲရောင်apronလေးကိုဝတ်၍ တစ်ယောက်တည်းအလုပ်တွေရှုပ်နေသောသူကိုမြင်လိုက်ရသောအခါ ပြုံးမိသွားသည်။
ဆောင်ဟွန်းတစ်ယောက် ဆန်ပြုတ်ပြုတ်ရင်း အလုပ်ရှုပ်နေစဉ် အသံကြား၍လှည့်ကြည့်လိုက်သောအခါ ကိုယ်တော်ချောလေးက ကိုယ့်အားကြည့်ရင်း ပြုံးစိစိလုပ်နေလေသည်။
"ဘာတွေ ပြုံးစိစိလုပ်နေတာလဲ..ငါမင်းအတွက် ဆန်ပြုတ်ပြုတ်ပေးနေတာ ခဏနေရင်ရတော့မယ် ဒီမှာထိုင်စောင့်နေဦး"
"ဆန်ပြုတ်ကြီးလား ပုံမှန်လိုထမင်းစားလည်းရပါတယ်"
ဆန်ပြုတ်မသောက်ချင်၍ complainတက်မိသောအခါ
"မရပါဘူး ပါးကဒီလောက်ရောင်နေတာကို ထမင်းစားလည်းမဝါးနိုင်လို့ ဘယ်လောက်မှစားလိုက်ရမှာမဟုတ်ဘူး အဲ့ဒါကြောင့် ဆန်ပြုတ်ပဲသောက်ရမယ်"
အဘိုးကြီးပေါက်စလေးလို မိမိအားဆန်ပြုတ်သောက်ရန် ပြောနေသော မိမိထက်နှစ်လငယ်သည့် သူငယ်ချင်းလေးအားကြည့်၍ နောက်တစ်ကြိမ်ပြုံးမိပြန်သည်။
"ရော့ မင်းကြိုက်တဲ့ ကြက်သားဆန်ပြုတ်"
အငွေ့တထောင်းထောင်းထနေသော ဆန်ပြုတ်အားဇွန်းဖြင့် တစ်ဇွန်းခပ်၍သောက်ကြည့်သောအခါ
