UNICODE
ကော်ဖီဆိုင်၏စားပွဲဝိုင်းတစ်ခုတွင် အမျိုးသမီးနှစ်ယောက်ကြားလေထုသည် အတော်တန်တိတ်ဆိတ်နေခဲ့လေသည်။
"ဆိုဟီး ငါတကယ်ကိုထင်မထားခဲ့ဘူး နင်ဘယ်လိုစိတ်နဲ့များအားလုံးကိုလိမ်ထားရတာလဲ"
"မဟုတ်ဘူး မဟုတ်ဘူး ယွန်းလေးကငါ့သား ငါကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတဲ့ငါ့သားအရင်း"
"ဘယ်ဟာကအမှန်တရားလဲဆိုတာ နင်အသိဆုံးပါ..အကယ်၍များ နင့်ရဲ့သားဖြစ်သူသာ နင်ကသူ့ကိုအမွေတွေကြောင့်ကောက်ယူမွေးစားခဲ့တယ်ဆိုတာသိသွားရင် ဘယ်လိုဖြစ်သွားမလဲ..သူ နင့်ကိုအရမ်းမုန်းသွားလောက်မယ်ထင်တယ်"
ယူရီ သူ့ရှေ့တွင် သွေးပျက်မတတ်ပြိုလဲနေသော ဆိုဟီးကိုကြည့်ရင်း သူကိုယ်တိုင်စိတ်ထဲတွင်လည်းမကောင်းပေ။ ဒါပေမယ့်မတတ်နိုင် ဒီလိုခြိမ်ခြောက်ပြီးတော့ပဲဖြစ်ဖြစ် သူ့မိသားစုကိုကာကွယ်ရမည်။ သားနဲ့သမီးကို သူ့ကဲ့သို့မိတကွဲဖတကွဲ မဖြစ်စေချင်။
"မဟုတ်ဘူး! အမွေတွေကြောင့်မဟုတ်ဘူး သူ့ရဲ့အမွေတွေကိုငါနည်းနည်းလေးမှမလိုချင်ဘူး!!"
"အဲ့ဒါဆိုဘာ့ကြောင့်လဲ ဘာ့ကြောင့်ကိုယ်ဝန်ပျက်ကျသွားတဲ့အဖြစ်မှန်ကိုမပြောဘဲ ထွက်ပြေးခဲ့ရတာလဲ။ နောက်မှ မိဘမဲ့ဂေဟာက ကလေးကိုခေါ်လာပြီး နင့်ကလေးပါလို့ ဘာလို့လိမ်ခဲ့ရတာလဲ!"
"အာာားးးး"
ဆိုဟီးတစ်ယောက်နားနှစ်ဖက်ကိုပိတ်၍ ခေါင်းများခါရမ်းကာ ပါးစပ်မှလည်း မဟုတ်ဘူး ဆိုသောစကားကိုသာထပ်ခါတလဲလဲပြောနေလေသည်။
ယူရီတစ်ယောက် ဆိုဟီး၏ယခုပုံစံကိုမြင်လိုက်ရချိန်တွင် ကြောင်အမ်းသွားလေသည်။
"ဆိုဟီး ဘာဖြစ်တာလဲ ဆိုဟီး"
"အားးး မဟုတ်ဘူး ငါ့ကလေးကမသေဘူး မသေဘူး ယွန်းလေးကငါ့ကလေး ငါ့ကလေး ယွန်းလေးကငါ့ကလေး"
ဆိုဟီးဟာ ထိုစကားများကိုမျက်ရည်များကြားမှ အော်ဟစ်ပြောဆိုခဲ့ပြီးဆိုင်အပြင်သို့ပြေးထွက်သွားလေသည်။
ဆိုင်ထဲတွင်လည်း အခြားသောဧည့်သည်များမှာ ယူရီတို့ကိုကြည့်ပြီး တီးတိုးပြောဆိုနေကြလေသည်။ ယူရီကတော့ ထင်မှတ်မထားသောဆိုဟီးပုံစံကြောင့် ကြောင်အမ်း၍သာကျန်နေခဲ့လေသည်။