UNICODE
"မေမေ"
မျက်ရည်များဖြင့် အော်ဟစ်ပြောဆိုနေခဲ့ကြသောလူနှစ်ယောက်ဟာ တံခါးဝမှခေါ်သံတိုးတိုးလေးကြောင့် အလျင်အမြန်လှည့်ကြည့်လိုက်သောအခါ မယုံကြည်နိုင်သောမျက်လုံးများဖြင့် သူတို့နှစ်ယောက်အား ထိတ်လန့်တုန်လှုပ်စွာကြည့်နေသော ဆောင်ဟွန်းအားတွေ့လိုက်ရလေသည်။
"ရှင်းမ်"
"ဆောင်ဟွန်း"
ရှင်းမ်? အခုသားဖြစ်သူက သူ့ရှေ့ကကောင်လေးကို ရှင်းမ် လို့ခေါ်လိုက်သည့်အပေါ် ယူရီတစ်ယောက်အံ့ဩနေခဲ့လေသည်။
ကျေးဇူးပြုပြီး သားရဲ့ဒိုင်ယာရီစာအုပ်တွေထဲက ရှင်းမ် ဆိုတဲ့သူတော့မဟုတ်ဘူးမလား။ ဟင့်အင်း အဲ့လိုဖြစ်လို့မရဘူး။ သားကို အဲ့လိုအဖြစ်မခံနိုင်ဘူး။
ယူရီ သားဖြစ်သူဆောင်ဟွန်းကို တစ်ခုခုပြောမည်အပြုတွင် မိမိရှေ့ရှိကောင်လေးဟာ သားဆီပြေးသွားခဲ့ပြီး သားလက်ကိုဆုပ်ကိုင်ထားလေသည်။
"ဆောင်ဟွန်း တောင်းပန်ပါတယ် မင်းအနားမှာမရှိပေးနိုင်ခဲ့လို့"
ဆောင်ဟွန်း ရှင်းမ်အား နားမလည်နိုင်သောမျက်ဝန်းများဖြင့်ကြည့်ရင်း
"ဘာတွေလဲ ရှင်းမ် မင်းနဲ့မေမေနဲ့ပြောနေတဲ့အကြောင်းအရာတွေကဘာတွေလဲ ငါဘာလို့ ဘာတစ်ခုမှမသိခဲ့ရတာလဲ"
"ငါရှင်းပြမယ် ဆောင်ဟွန်း ငါအားလုံးရှင်းပြပါ့မယ်"
"အဲ့ဒါကြောင့်လား အဲ့ဒါကြောင့် ဟိုးအရင်ရက်တွေကတည်းက မင်းငါ့ကိုရှောင်နေခဲ့တာလား"
"ဆောင်ဟွန်း အဲ့ဒါက..."
ဆောင်ဟွန်း ရှင်းမ်လက်များကိုဖြုတ်ချလိုက်ပြီး အိမ်အပြင်ဘက်သို့ပြေးထွက်သွားလေသည်။
"ဆောင်ဟွန်း!"
ရှင်းမ် ဆောင်ဟွန်းနောက်သို့ ပြေးလိုက်ခဲ့လေသည်။
ယူရီတစ်ယောက် မိမိရှေ့ရှိ သားနှင့်ရှင်းမ်ဂျယ်ယွန်းဆိုသောကောင်လေး၏ ဆက်ဆံရေးမှာ သာမန်သူငယ်ချင်းထက်အနည်းငယ်ပိုကြောင်း မြင်နေရလေသည်။