EPISODE - 2

16.6K 637 4
                                    

[ ခွေးစာအမြဲစားနေရသည့်ဇာတ်လမ်းရဲ့အစ ]

တပ်ရင်းထဲရှိစားဖိုမှူးဟာ ကြေညာမောင်းခတ်လိုက်သည်။

"ဒီနေ့လည်းနံနံပင်ဟင်းချိုအလှည့်ကျပြန်ပြီ"

"ထပ်ပြီး ဗိုလ်ချုပ်ရှောင်း !!"

စစ်ရေးလေ့ကျင့်နေတဲ့တပ်သားတစ်ချို့က ဝမ်းနည်းစွာညည်းတွားကြသည်။

နံနံပင်ဟင်းချို ၊ မုန်လာဥဟင်းချို ၊ တစ်ခါတစ်လေ ဘာမှန်းမသိတဲ့အရွက်တွေပြုတ်ပြီး ဟင်းချိုလုပ်တိုက်တဲ့ ဗိုလ်ကြီးရဲ့ယောကျာ်းကို
ဘယ်သူမှမတားပေးနိုင်တော့ဘူးလား !!

ငါတို့ဘဝကသိပ်ကိုခက်ခဲလွန်းပါတယ် ဝူး ဝူး (╥_╥)

ဒီလိုတွေဖြစ်လာခဲ့မှန်းသိရင် ဗိုလ်ကြီးကိုမြောက်ပိုင်းတပ်ရင်းကို ကူညီပေးဖို့အမိန့်ကျတုန်းက  မသွားခိုင်းလိုက်ရင်အကောင်းသား။

အခုတော့ဒုက္ခလှလှကြီးကိုခံနေရတယ်။  ဗိုလ်ကြီးကအပြုံးမပျက်ဘဲမိန့်မိန့်ကြီးစားနိုင်ပေမယ့် ကျွန်တော်တို့ကတော့မစားနိုင်တော့ဘူးလို့ !!

အခုမှတွေးမိတယ် ဘယ်သူမှအထိမခံတဲ့မြောက်ပိုင်းတပ်ရင်းက အေးခဲဝံပုလွေတပ်ကြပ်ဝမ်ကို ဘယ်လိုများအရည်ပျော်အောင်လုပ်ခဲ့သလဲ။

ငါတို့မြင်ရသလောက်ကတော့ မြင်ရသလောက်ကတော့။

"ဗိုလ်ချုပ်ရှောင်း ခင်ဗျား ထပ်လုပ်ပြန်ပြီ !"

"ကိုယ်မှားပါတယ်"

"ခင်ဗျားကို သောက်ခိုင်းတဲ့
အဲ့ဆေးတွေကိုလွှင့်ပစ်ခိုင်းလို့လား !"

"ကိုယ့်အမှားပါ"

'အဲ့လိုကြီးလေ .. ငါတို့ဗိုလ်ကြီးကမဟုတ်မှ ​အောက်ပုဂ္ဂိုလ်များလား။
ကြက်သီးထစရာအတွေးတွေဆက်မတွေးဘဲ တပ်ကြပ်ဝမ်ကို မြောက်ပိုင်းတပ်ရင်းဆီပြန်ပို့ပေးချင်နေပြီ။'

စခန်းထဲကထွက်လာတဲ့ ဗိုလ်ကြီးနဲ့တပ်ကြပ်ဝမ်ကိုမြင်တော့ သတိအနေအထားနဲ့အလေးပြုကြသည်။

'ဒါပေမဲ့ တပ်ကြပ်ဝမ်က ကျွန်တော့်ဆီကိုတည့်တည့်ကြီးလာနေတယ် ဘာများမှားသွားလို့လဲ အပ်စိုက်ပြီးအပြစ်ပေးဦးမလို့လား။'

[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !Where stories live. Discover now