[ အကို သားကိုသေချာစောင့်ရှောက်ပေး ]
အာမားကအခုရက်ပိုင်း အိပေါ်ပေါ်နဲ့ပဲနေပေးတယ်။ အိပေါ်ပေါ်ကြိုက်တာတွေလည်း လုပ်ကျွေးတယ်။ အိပေါ်ပေါ်အကြိုက်ဆုံးကအာမားက ပဝါထိုးပြနေတာပဲ။
အာမားရဲ့လက်လှလှလေးတွေနဲ့ ချည်လုံးကိုင်ထားတဲ့ပုံကအရမ်း အရမ်းကိုလှတယ်။
"မိန်းမ ခဲအိုရောက်လာပြီ "
"အကိုရောက်လာပြီလား "
"အင်း "
အာမားလိုမျက်နှာမျိုးကိုမှ လေးထောင့်ပုံစံရှိတဲ့လူကြီးက အိပေါ်ပေါ်ရဲ့ဦးလေးတဲ့။ အရပ်ကအာပါးထက်တောင်ရှည်သေးတယ်။
"ဒါကငါ့တူ ?"
"အိပေါ်ပေါ် အာပါးနဲ့ခဏလိုက်သွားမလား "
"မသွားဘူး "
"အာပါးကအပြင်ကိုကားစီးသွားရမှာ အိပေါ်ပေါ် ကားစီးချင်တယ်ဆို အာပါးနဲ့လိုက်ခဲ့လေ"
"တကယ်လား "
"တကယ် လာ အာပါးနဲ့သွားကြမယ်"
ထွက်ခွာသွားတဲ့ယောကျာ်းနဲ့သားဖြစ်သူကို သူမငေးကြည့်နေခဲ့သည်။
" နျန်ရင်းအာ ဘာတွေလုပ်ဖို့ကြိုးစားနေတာလဲ "
"လူသတ်မလို့ "
မြင်ကွင်းထဲကပျောက်ကွယ်မသွားသေးတဲ့ ရယ်မောနေတဲ့သားဖြစ်သူကိုစိုက်ကြည့်ရင်းဖြေသည်။
"မင်းစိတ်ထင်တိုင်းသတ်လို့ရအောင် မင်းက"
"အကို ကျွန်မမှာဘာအာဏာမှမရှိမှန်းသိတယ်။ ဒါပေမဲ့ ဒီတိုင်းငြိမ်မနေနိုင်ဘူး ကလေးမလေးကသေသွားပြီ ပြီးတော့သူဖျက်ဆီးခဲ့တာတစ်ယောက်မကမှန်း အကိုသိပါတယ်။ ငွေရှိရင်ထင်တိုင်းကြဲနိုင်တဲ့လောကက ရင်းအာနဲ့မဆိုင်ဘူး။ ဒါပေမဲ့သားကိုထိပါးလာတဲ့သူမှန်သမျှ ရင်းအာရဲ့ရန်သူပဲ အဲ့မသတီစရာလက်တွေက သားကိုထိကိုင်ခဲ့ပြီးပြီ "
"ဒီအကိုကဘာလုပ်ပေးရမလဲ"
"သားလေးကိုတပ်ထဲခေါ်သွား ဘယ်သူမှမော်မကြည့်ရဲအောင် သန်မာလာအောင်လေ့ကျင့်ပေး သူဖြစ်ချင်တာလည်းလုပ်ခွင့်ပေးလိုက် "
YOU ARE READING
[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !
Random"ခင်ဗျားမှားတာလား ကျွန်တော်မှားတာလား" "ကိုယ်မှားတာပါ" "ထပ်ပြော ဘယ်သူမှားတာလဲ" "ကိုယ်မှားတာပါ" General Xiao & Military Doctor Wang. •Zhanyi• Date To Start Writing : December 3 2020 Writer : PlumWhite_Blossom