[ ခင်ဗျားနဲ့အတူတောင်းဆုခြွေမယ် ဒီနေ့မှစနောက်နှစ်ပေါင်းများစွာ ........ ]
တပ်ရင်းကနေထွက်ခွာဖို့တွန့်ဆုတ်နေကြတဲ့လူနှစ်ယောက်။
စိတ်မပြတ်သားနိုင်စွာနဲ့နောက်ကိုလှည့်ကြည့်တော့ ညီညီညာညာအလေးပြုကာ နှုတ်ဆက်နေကြတဲ့တပ်သားတွေ။
အပြုံးမျက်ရည်တွေက တွဲလွဲခိုလို့။
တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ပြီး အလေးပြုလာတဲ့လူနှစ်ယောက်။
"ဗိုလ်ချုပ်ရှောင်းကျန့်က မင်းတို့ကိုနှုတ်ဆက်ခဲ့ပါတယ်"
"တပ်ကြပ်ဝမ်က မင်းတို့ကိုနှုတ်ဆက်ခဲ့ပါတယ်"
"ကျွန်တော်တို့ကလည်း ဗိုလ်ကြီးနဲ့တပ်ကြပ်ဝမ်ကို နှုတ်ဆက်ပါတယ် !!!"
တညီတညာတည်းဖြစ်နေတဲ့နှုတ်ဆက်သံက တပ်ရင်းတစ်ခုလုံးပျံ့နှံ့သွားသည်။
နောက်မလှည့်စတမ်းထွက်ခွာခဲ့တဲ့အချိန် ရွာဖို့နောက်ကျနေတဲ့မိုးက သည်းထန်စွာရွာကျလာသည်။"ကျွန်တော်တို့ဘယ်တော့မှမေ့သွားမှာမဟုတ်ဘူး !!"
"ဗိုလ်ကြီးတို့ဆီလာလည်ဦးမှာ !!"
"တပ်ကြပ်ဝမ်ရဲ့ဟင်းချိုတွေကို သတိရနေမှာ !!"
ထွက်ခွာဖို့ခက်ခဲနေတဲ့လူနှစ်ယောက်က ရပ်တန့်သွားသည်။
တစ်ယောက်လက်တစ်ယောက်တင်းတင်းဆုပ်လို့ နောက်ဆုံးအနေနဲ့အမိန့်ပေးတဲ့အသံထွက်ပေါ်လာသည်။
"မင်းတို့ဒိုက်အခါသုံးရာထိုးကြစမ်း !!"
"ဟာဗျာ !!!"
တပ်သားတွေရဲ့ငြီးငြူသံကြားတော့ ရှောင်းကျန့်ကရယ်မိသလို ရိပေါ်ကလည်းပြုံးနေသည်။
ထပ်ပြီးစကားရှည်နေမှာစိုးတာကြောင့်
လက်နောက်ပြန်ပြပြီး ထွက်သွားကြတော့သည်။အခက်အခဲတွေကိုတူတူရင်ဆိုင်ဖြတ်ကျော်ဖူးတဲ့ လူတွေနဲ့ခွဲခွာဖို့ရာအတော်အသင့်ခက်ခဲပေမဲ့ ဒီတစ်နေရာတည်းမှာပဲ ရပ်တန့်နေလို့မရတာကြောင့် ထွက်သွားပြီးဘဝသစ်စဖို့ ဆုံးဖြတ်ခဲ့သည်။
YOU ARE READING
[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !
Random"ခင်ဗျားမှားတာလား ကျွန်တော်မှားတာလား" "ကိုယ်မှားတာပါ" "ထပ်ပြော ဘယ်သူမှားတာလဲ" "ကိုယ်မှားတာပါ" General Xiao & Military Doctor Wang. •Zhanyi• Date To Start Writing : December 3 2020 Writer : PlumWhite_Blossom