[ အတိတ်ကအဖြစ်အပျက်များ ]
တဖြည်းဖြည်းအဆင်ပြေလာတဲ့ရွာသားတွေကိုကြည့်ပြီး စိတ်အေးသွားရသည်။ အစီရင်ခံဖို့အတွက် မည်သူကဋ္ဌာနကိုပြန်မလဲမေးသည့်အခါ အကုန်လုံးက မိမိကိုပဲလက်ညှိုးထိုးကြလေသည်။
"ဝမ်းနည်းစရာပဲ ကိုယ်တို့နှစ်ယောက်ပဲဋ္ဌာနကိုပြန်ရမှာ "
"ဒီထပ်ပိုဝမ်းနည်းရအောင် ဗိုလ်ချုပ်ရှောင်းပဲ ဋ္ဌာနကိုပြန်လိုက်ပါ"
"မဟုတ်ဘူးလေ ဝမ်လေး တပ်ကြပ်ဝမ်ကလည်း အပျော်သဘောနဲ့ပြောလိုက်တာပါ"
"ဟာသဉာဏ်ရွှင်တာပဲ "
"ချီးကျူးစကားမခံယူဝံ့ပါဘူး"
လိုအပ်သည်များကို အဖွဲ့ခေါင်းဆောင်ဖြစ်သူနဲ့ပြောကြားပြီး သူတို့နှစ်ယောက်ကတော့ ဋ္ဌာနကိုပြန်လာခဲ့လေသည်။
လမ်းတစ်လျှောက်မြင်နေရသည့်အရာဆိုလို့ မြေကြီးတွေသာဖြစ်လေသည်။ ကျိုးတိုးကျဲတဲပေါက်နေတဲ့ သစ်ပင်အနည်းငယ်ကသာ စိမ်းစိမ်းစိုစိုရှိသည်။
တပ်ရင်းရှိဋ္ဌာနတွင် လေ့ကျင့်ရေးလုပ်နေကြသော တပ်သားများရှေ့ ဖြတ်လျှောက်သွားကာဖြင့် ဗိုလ်ကြီးရဲ့ရုံးခန်းရှိရာသို့သွားလေသည်။
ဒီတစ်ခါတွင်တော့ အပြစ်တင်ဝေဖန်ချင်သည့်အကြည့်များက
မိမိအပေါ်ကျရောက်မလာခဲ့ပေ။ နံဘေးတွင်ရှိသောသူအား ကြည့်မိသည့်အချိန် မိမိရင်ကိုအေးစေမည့်အပြုံးအား ပြုံးပြလာသည်။"ကိုယ်အရမ်းချောနေလို့လား"
ပေါက်ကရစကားတွေမထွက်လာခင်အထိပေါ့ ( ° -° !)
ရာထူးတူညီသောလူနှစ်ယောက်ရဲ့ တွေ့ဆုံခိုက် အစီရင်ခံနေသောရိပေါ်အား မျက်ကွယ်ပြုလို့ အကြည့်ချင်းစစ်ခင်းနေကြသည်။
လက်ပိုက်ထားသည်ကိုမဖြုတ်ဘဲစိုက်ကြည့်နေသည့် ရှောင်းကျန့်အား ထိုင်ခုံထက်မှလူကလည်း မျက်ခုံးတွန့်ချိုးလို့ ပြန်လည်စိုက်ကြည့်နေသည်။
"တပ်ကြပ်ဝမ် တာဝန်ကျေခဲ့ပါတယ်"
"ကျွန်တော်တို့ကိုပြန်ခွင့်ပြုပါ "
KAMU SEDANG MEMBACA
[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !
Acak"ခင်ဗျားမှားတာလား ကျွန်တော်မှားတာလား" "ကိုယ်မှားတာပါ" "ထပ်ပြော ဘယ်သူမှားတာလဲ" "ကိုယ်မှားတာပါ" General Xiao & Military Doctor Wang. •Zhanyi• Date To Start Writing : December 3 2020 Writer : PlumWhite_Blossom