EPISODE - 13

3.2K 271 0
                                    

[ ကိုယ် မင်းရဲ့လက်တွဲဖော်ဖြစ်လာလိမ့်မယ်လို့ စိတ်တောင်မကူးဝံ့ခဲ့ဘူး။ ]

အစိမ်းရောင်ရိုးတံပေါ်တွင်လှပစွာဖူးပွင့်နေကြပါသော ဆီမုန်ညှင်းပန်းတွေ ဝါထိန်နေသောပန်းခင်းအလား။ တိမ်ကင်းစင်သောကြောင့် ပြာလဲ့နေသောကောင်းကင်အောက်တွင် အကြည့်မလွှဲနိုင်အောင် တည်ရှိနေလေသည်။

ဆီမုန်ညှင်းခင်းထဲသို့သွားနိုင်ရန်ပြုလုပ်ထားသည့် လူသွားလမ်းလေးထဲဲ လမ်းလျှောက်နေသောလူနှစ်ယောက်ရှိနေလေသည်။

ခပ်သုတ်သုတ်လျှောက်နေသောလူရဲ့နောက်သို့ ခြေတံရှည်တွေအားကိုးနဲ့အမှီလိုက်နေသောလူတစ်ယောက်
နှုတ်ကနေလည်း စကားတွေအော်ပြောနေလို့။

"ယောင်ပြီးထွက်သွားတာပါ။ ဘယ်မိန်းမကိုမှမရည်ညွှန်းပါဘူး ဝမ်လေး ကိုယ့်ကိုစောင့်ပါဦး"

မပြေးရုံတမယ်လျှောက်လှမ်းနေတဲ့လူက ရပ်တန့်လိုက်ပြီး ပြန်လှည့်ကြည့်ကာဖြင့်။

"ဆီမုန်ညှင်းခင်းကရိတ်လို့ရပြီဆို ဒီလောက်အပွင့်တွေပွင့်နေတာ ဘယ်လိုရိတ်လို့ရမလဲ အသီးတောင်မသီးသေးဘူးအရွက်လည်းမရင့်သေးဘူး"

ထိုတော့မှနောက်ကလူမှာမှီလာလေသည်။ အော်ဟစ်ခံရသည်ကို ပန်းနှင့်ပေါက်နေတယ်ဟုထင်မှတ်နေသလားမသိပါချေ။ စိတ်လေးတစ်ချက်တောင်မကွက်ပဲ အေးဆေးရှင်းပြလာလေသည်။

"ကိုယ်လည်းမသိဘူးလေ။ ကိုယ်မှမကျွမ်းတာကို သူကရပြီပြောလို့ ဝမ်လေးကိုပြောလိုက်တာပဲ"

"အခုကျတော့ဘာမှမသိတော့ဘူးပေါ့ မိန်းမလို့ခေါ်ဖို့ကျသိတယ်ပေါ့"

"တကယ်ပါ ယောင်ပြီးထွက်သွားတာပါ။ သိတယ်မလား ဟင်"

လျှောက်လှမ်းလေးပေါ်တွင်အပေါ်ဝတ်အားခင်းချလိုက်ပြီး
ဆူပူနေသောသူအား ထိုင်ခိုင်းစေသည်။

" တကယ်ပဲ ခင်ဗျားက ကိုယ့်ဘက်ကိုယ်ယက်တဲ့လိပ်ပဲ"

"ထားပါတော့ လိပ်ဆိုလည်းလိပ်ပေါ့ "

ထိုသူကပါဘေးနားကပ်ထိုင်ချလိုက်လေသည်။

"အား အခုမှပဲဘယ်သူမှမရှိတဲ့နေရာမှာ ချိန်းတွေ့လို့ရတော့တယ်"

[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !Where stories live. Discover now