[ Dressing ]
ကိုယ့်စိတ်ကိုမထိန်းနိုင်ခဲ့သည့်ရှောင်းကျန့်မှာတော့ ကြည်နူးခဲ့ရသည့်အချစ်ညလေးပြီးသွားသည့်အခါ တစ်ပတ်တိတိအပြစ်ပေးခံခဲ့ရသည်။
ဘယ်သူကထင်မှာလဲ နေ့လည်ကနေညရောက်သွားလိမ့်မယ်လို့ !
" ဝမ်လေး ကိုယ်တကယ်ပဲဝမ်လေးကိုထိလို့မရဘူးလား ?"
"မရဘူး !"
နှာတံလုံးလုံးလေး ၊ မေးစေ့လုံးလုံးလေးတွေဖြင့်ဖွဲ့စည်းထားသည့်
ချစ်စရာကောင်းသောမျက်နှာလေးက မထင်ရင်မထင်သလိုကြောက်ဖို့ကောင်းလှသည်။မျက်တောင်တိုစိပ်စိပ်လေးတွေကလည်းချစ်ဖို့ကောင်းပါတယ်။ မျက်လုံးမှေးမှေးလေးတွေကလည်း ချစ်စရာလေး။ ဟော ပါးဖောင်းဖောင်းလေးတွေလည်းရှိသေးတယ်။ အဲ့ဒီအစိတ်အပိုင်းတွေရှိတဲ့မျက်နှာလေးက ဘယ်လိုအကြောင်းအရင်းတွေနဲ့ အေးစက်တဲ့အရှိန်အဝါတွေထုတ်လွှတ်နိုင်ရတာလဲ ?
ဝမ်လေး တကယ်စိတ်တိုရင် တော်တော်လေးကြောက်ဖို့ကောင်းလှသည်။ ဒါပေမဲ့သူ့မျက်လုံးထဲမှာတော့ ဘယ်လိုနေနေချစ်ဖို့ကောင်းတယ်လို့ပဲ မြင်နေတော့သည်။
အော် အချစ်ရဲ့အစွမ်းကား တယ်ကြီးသကိုး။ရှောင်းကျန့် သစ်သီးခြောက်တွေကိုဘူးထဲထုတ်ပိုးနေရင်း အတွေးနယ်ကျွံကာ မျက်နှာကပြုံးစိစိဖြစ်နေလေသည်။
ရိပေါ်မှာတော့ဆိုင်ကိုပို့ဖို့ပစ္စည်းတွေစီနေရင်း မျက်နှာပိုးသတ်မရသည့်လူကိုကြည့်ရင်း မျက်မှောင်ကြုတ်မိတော့သည်။" ရှောင်း ခင်ဗျားဘာတွေတွေးပြီးပျော်နေတာလဲ "
" အော် ဘာမှမဟုတ်ပါဘူး။ ဒီမိန်းကလေးကချစ်စရာလေးပဲလို့ "
ရှောင်းကျန့်တစ်ယောက် ရောက်တတ်ရာရာပြောလိုက်သည့်စကားတစ်ခွန်းက Suprise အကြီးစားဖြစ်လာလိမ့်မယ်ဆိုတာ သိမည်မဟုတ်ချေ။ တကယ်လို့သိခဲ့ရင်လည်း အဲ့စကားကို ၁၀၀၅ခေါက်လောက်ပြောနေဦးမှာပဲ။
ရိပေါ် ရှောင်းကျန့်ပြောသည့်မိန်းကလေးကိုကြည့်မိတော့ TVတွင် maid ဝတ်စုံဝတ်ထားပြီး online shopping လုပ်နေသည့်အမျိုးသမီးတစ်ဦးဖြစ်လေသည်။
YOU ARE READING
[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !
Random"ခင်ဗျားမှားတာလား ကျွန်တော်မှားတာလား" "ကိုယ်မှားတာပါ" "ထပ်ပြော ဘယ်သူမှားတာလဲ" "ကိုယ်မှားတာပါ" General Xiao & Military Doctor Wang. •Zhanyi• Date To Start Writing : December 3 2020 Writer : PlumWhite_Blossom