[ I Lay My Love On You - Westlife ]
ရိပေါ် ဘယ်လိုအိပ်ပျော်သွားမှန်းမသိပေမဲ့ နိုးလာတော့ ကုတင်ပေါ်မှာလှဲနေရမယ့်လူနာက ဘေးမှာထိုင်ပြီး ပန်သီးအခွံနွှာနေသည်။
"ကုတင်ပေါ်ဘယ်လိုရောက်လာတာလဲ"
"မင်းအိပ်နေတာအဆင်မပြေလို့ ကုတင်ပေါ်ရွေ့ပေးထားတာ"
မျက်နှာကိုကြည့်ပြီးစကားပြောလာတော့ ပန်းသီးလှီးနေတာကိုကြည့်မိသည်။ လက်ထိတော့မှာပဲ။
" ကျွန်တော်လုပ်ပေးမယ် "
"ရတယ်။ ပြီးခါနီးနေပြီ မင်းစားဦးမလား"
"ကျွန်တော်မစားဘူး "
"အော် "
ရှောင်းကျန့်ဘာမှမပြောဘဲ ပန်းသီးတစ်စိတ်ကို သူအရင်စားပြီး နောက်တစ်စိတ်ကိုရိပေါ်ကိုကျွေးသည်။
အကျင့်ဖြစ်နေတဲ့ရိပေါ်က ပန်းသီးစိတ်ကိုစားပြီးမှ သတိရသွားသည်။"ခင်ဗျားဘာသာစားသင့်တယ် "
"စားနေပါတယ်။ ဆေးရုံအဝတ်အစားနဲ့မလိုက်ဖက်လိုက်တာ မင်းပြန်ပြီး အဝတ်အစားသွားလဲပါလား"
ဒေါက် ~
"တပ်ကြပ်ဝမ် ကျွန်တော်ရန်ဝေ့ပါ"
"ဆေးရုံဆင်းဖို့အကုန်ပြင်ဆင်ပြီးပါပြီ "
"ဗိုလ်ချုပ်ရှောင်းရဲ့အခြေအနေက ဆေးရုံဆင်းလို့ရလို့လား "
သူအခုထိ ဘာမှသေချာမသိရသေးပေမဲ့ ရှောင်းကျန့်ကဆေးရုံဆင်းဖို့စီစဥ်ပြီးနေပြီ။
တစ်နေနေရာတော့မှားနေတယ်လို့ ခံစားမိလာသည်။
" အတိတ်မေ့နေတာကလွဲရင် ကျန်တာအကုန်ကောင်းတယ်လို့ ဆရာဝန်ကပြောပါတယ်။ ပြီးတော့တပ်ရင်းကိုလည်းပြန်ရဦးမယ်ဆိုတော့ ဆေးရုံဆင်းဖို့အမြန်လုပ်လိုက်တာပါ"
ရန်ဝေ့ခမျာ အလိမ်အညာစကားတွေပြောနဲ့အခါ
လျှာမထောက်စေဖို့ လေ့ကျင့်ခဲ့ရသေးသည်။"ကိုယ်က တပ်သားလား"
ပန်းသီးနောက်တစ်စိတ်ခွံ့ကျွေးပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။
YOU ARE READING
[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !
Random"ခင်ဗျားမှားတာလား ကျွန်တော်မှားတာလား" "ကိုယ်မှားတာပါ" "ထပ်ပြော ဘယ်သူမှားတာလဲ" "ကိုယ်မှားတာပါ" General Xiao & Military Doctor Wang. •Zhanyi• Date To Start Writing : December 3 2020 Writer : PlumWhite_Blossom