[ ယောကျာ်းက သူ့ကိုမချစ်တော့ဘူးဆိုပြီး တွေးတွေးပြီးငို ]
ငြိမ်ငြိမ်လေးနေခိုင်းပေမဲ့ အငြိမ်မနေတဲ့ယောကျာ်းကြောင့် ဗိုလ်ကြီးတစ်ယောက် လက်မှိုင်ကျနေတော့သည်။
ဘယ်တုန်းကမှ အအားမနေတဲ့တပ်ကြပ်ဝမ်က မျိုးစေ့တွေကြဲတဲ့နေရာမှာလည်း ကူညီပေးနေသည်။နောက်ကနေမျိုးစေ့ထုတ်မျိုးစုံပိုက်ပြီး နားဖို့တတွတ်တွတ်ပြောနေတဲ့ဗိုလ်ကြီးကို ဘေးကကြည့်နေရင်းနဲ့တောင်သနားလာရပြီ။
"တပ်ကြပ်ဝမ် ဝမ်လေး တော်လိုက်တော့လေ"
"ကျွန်တော်ဒီနေ့ဘာမှမလုပ်ရသေးဘူးလေ "
"ဘာကိုဘာမှမလုပ်ရမှာလဲ မနက်စာပြင်တယ်လေ ကိုယ့်ကိုမုတ်ဆိတ်ရိတ်ပေးတယ်လေ ဟင်းချက်တဲ့နေရာလည်းသွားကူသေးတယ်"
"အဲ့ဒါကလုပ်နေကြအလုပ်တွေလေ"
"နေပူနေပြီလေ မျက်နှာတွေနီရဲနေတာပဲ ဆေးတွေပဲသွားစစ်နေပါလား"
"ပြီးတော့မှာ သေချာလုပ်မှအပင်ပေါက်ရင် ညီညီညာညာလေးထွက်လာမှာ အဲ့ခါကျရင်ခူးရနှုတ်ရသက်သာတယ် အပင်လည်းမနာဘူး"
"ဒါပေမဲ့ ကိုယ်လည်းလုပ်တတ်တယ်လေ ကိုယ်လုပ်လိုက်မယ်"
"သွား ကျွန်တော့်နားကဝေးဝေးသွား"
နားရွက်ကုပ်သွားတဲ့မြေခွေးကြီးကတော့ အားငယ်စွာနဲ့ခပ်လှမ်းလှမ်းမှာနေနေသည်။
ငါ့ယောကျာ်းကငါ့ကိုအားမကိုးတော့ဘူး။
ပထမဆုံးထိုးနှက်မှု။
စိုက်ခင်းထဲမှာစိတ်တိုင်းကျလုပ်ပြီးတော့မှ ရိပေါ်ထွက်သွားတော့သည်။ ရှောင်းကျန့်ရဲ့ပျော်ချင်သည့်စိတ်လေးများက
ဆေးပုံးတွေမသွားတဲ့ရိပေါ်ကိုမြင်တော့ ငုပ်လျှိုးသွားရသည်။ခြေထောက်ပြန်ကောင်းသွားကတည်းက ဝမ်လေးကသူ့စကားနားမထောင်တော့ဘူး။
ငါ့ယောကျာ်းကငါ့စကားကိုမျက်ကွယ်ပြုထားတယ်။
ဒုတိယထိုးနှက်မှု။
"ဗိုလ်ကြီး အဆင်ပြေရောပြေရဲ့လား"
"အလုပ်ချိန်မှာ စကားပြောခွင့်ရှိလား ဒိုက်အခါတစ်ရာသွားထိုး"
YOU ARE READING
[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !
Random"ခင်ဗျားမှားတာလား ကျွန်တော်မှားတာလား" "ကိုယ်မှားတာပါ" "ထပ်ပြော ဘယ်သူမှားတာလဲ" "ကိုယ်မှားတာပါ" General Xiao & Military Doctor Wang. •Zhanyi• Date To Start Writing : December 3 2020 Writer : PlumWhite_Blossom