[ တပ်ကြပ်ဝမ်နဲ့ငါးအကြေးခွံပြဿနာ ]
ပျော်စရာတစ်ခုခုကြုံခဲ့ရသည့်မျက်နှာနဲ့ရှိနေတဲ့ ဗိုလ်ချုပ်ရှောင်း။ တပ်ကြပ်ဝမ်ကတော့ပြန်ရောက်ကတည်းက မမြင်မိပေ။
"ဗိုလ်ကြီး မြေမြှုပ်မိုင်းတွေက တပ်ရင်းနဲ့ ပေ** အကွာမှာရှိနေပါတယ်။
ကျွန်တော်တို့အဲ့နေရာကိုပြည်သူတွေမလာဖို့ ကန့်သတ်ထားပေမဲ့ မသိနားမလည်တဲ့သူတွေက အဲ့လမ်းကနေကားတွေနဲ့ဖြတ်မောင်းဖို့ကြိုးစားနေတယ်""ငါကိုယ်တိုင်သွားကြည့်မယ်။ သံကြိုးနဲ့အလံနီတွေယူခဲ့ စိုက်ဖို့တုတ်တွေရောပဲ "
မမြင်တွေ့ရသေးတဲ့တပ်ကြပ်ဝမ်က ဗိုလ်ကြီးရဲ့နာမည်အား အဖျားစွတ်ကာခေါ်ရင်း စခန်းထဲဝင်လာခဲ့သည်။
"ရှောင်း ကျွန်တော်"
ရိပေါ်တစ်ယောက်တည်းရှိတယ်ထင်ကာ ခေါ်လေ့ရှိသည့်နာမည်အားခေါ်လို့ အထဲကိုဝင်လာတော့ တပ်သားတွေပါရှိသည်ကိုမြင်သွားလေသည်။
ရှက်သွားသည်ထက် လျှို့ဝှက်ချက်ပေါ်သွားသည်ဟု ခံစားရကာပြန်ထွက်ရခက် အထဲဝင်ရခက်ဖြစ်နေလေသည်။
"သွားဖို့အတွက်ပြင်ဆင်ထားလိုက် ငါခဏနေရင်လာခဲ့မယ်"
"ဟုတ်ကဲ့"
အလေးပြုကာထွက်သွားသောတပ်သားတစ်ချို့မှာ ရိပေါ်ကိုပါနှုတ်ဆက်သွားလေသည်။
ခပ်ဆတ်ဆတ်ခေါင်းညိမ့်လို့ စခန်းထဲဝင်လာခဲ့သည်။
"ကိုယ့်ကိုဘာပြောစရာရှိလို့လဲ"
"အထွေအထူးမဟုတ်ဘူး။ တပ်သားတွေအတွက်ညစာကို အသားနဲ့ငါးလုပ်ကျွေးမလားလို့ လာပြောတာ"
"ချက်လေ။ ပိုက်ဆံမလောက်လို့လား"
အကြည့်လွှဲထားပြီးစကားဆက်မပြော။
'ငွေကြေးနဲ့ပတ်သတ်ပြီးလက်ဖြန့်တောင်းရသည်ကို အခုထိကျင့်သားမရသေးပေ။ ဘာကိစ္စများငွေမကိုင်ဖို့ငြင်းခဲ့မိတာပါလိမ့် ။'
"ဝမ်လေး တစ်ယောက်တည်းသွားမှာတော့မဟုတ်ဘူးမလား"
"တစ်ယောက်တည်းသွားတော့ ဘာဖြစ်လို့လဲ "
YOU ARE READING
[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !
Random"ခင်ဗျားမှားတာလား ကျွန်တော်မှားတာလား" "ကိုယ်မှားတာပါ" "ထပ်ပြော ဘယ်သူမှားတာလဲ" "ကိုယ်မှားတာပါ" General Xiao & Military Doctor Wang. •Zhanyi• Date To Start Writing : December 3 2020 Writer : PlumWhite_Blossom