Extra - 3

2.3K 207 0
                                    

[ Adopting ]

စစ်အေးတိုက်ပွဲပြီးသွားတဲ့အခါမှာတော့ ရှောင်းကျန့်တို့မိဘအိမ်သို့အလည်လာခဲ့သည်။ သို့သော် ~

"ဒီကလေးနှစ်ယောက်ကဘယ်လိုဖြစ်ပြီး ?"

ရှောင်းကျန့်လက်တွဲထားသည့်မိန်းကလေးနဲ့ ရိပေါ်ချီထားသည့်ယောကျာ်းလေးကိုကြည့်ပြီး ရှင်းချောင်အန်မေးလိုက်ခြင်းဖြစ်သည်။

" သားတို့အိမ်ထဲအရင်ဝင်ပါရစေ"

ရှင်းချောင်အန်သေချာကြည့်တော့မှ သူမသားနှစ်ယောက်စလုံးရဲ့အင်္ကျီမှာ
မြေကြီးတစ်ချို့ပေနေလေသည်။ အိမ်ထဲရောက်တော့မှ ရှင်းချောင်အန်ဖြစ်လာသည့် အကြောင်းအရင်းကိုမေးတော့သည်။

" လာတဲ့လမ်းမှာကလေးတစ်ယောက်လမ်းကြားထဲက ထွက်ပြေးလာတာမြင်လို့ မသင်္ကာလို့နောက်ကလိုက်ကြည့်ရင်း အခုလိုတွေဖြစ်လာတာပဲ။ ကလေးတွေကသူတို့မိဘဆီကနေရောင်းစားခံရတာ။ "

ရှောင်းကျန့်ရှင်းပြသမျှကိုရှင်းချောင်အန်နားထောင်ရင်း စိတ်မချမ်းသာဖြစ်လာရသည်။

" အမေ ကိုယ်တိုင်သတင်းပေးလိုက်ပါလား။ သားတို့သတင်းပေးရင်အဆင်မပြေဖြစ်နေမှာစိုးလို့။ ငွေတိုးချေးစားတဲ့ဂိုဏ်းတွေအကြောင်းရယ် ၊ လူကုန်ကူးတဲ့အကြောင်းရယ် ဒီမှာသားတို့မှတ်တမ်းတင်ထားတာတွေ"

"မင်းတို့ စစ်တပ်ကအနားယူပြီးလိုက်စုံစမ်းနေတာလား "

ထောင့်စေလှတဲ့သက်သေတွေနဲ့တင်ပြချက်တွေကြောင့် ရှင်းချောင်အန်မေးလိုက်ခြင်းဖြစ်သည်။

" မဟုတ်ပါဘူး အမေကလည်း ကိုယ့်ဘာသာတောင်အချိန်မလောက်ရတဲ့ကြားထဲ"

ရှောင်းကျန့်ရဲ့စိတ်လေတဲ့လေသံကိုကြားတော့ ရှင်းချောင်အန်မျက်နှာသေဖြင့်ကြည့်မိသည်။

" လိုက်စုံစမ်းတယ်လို့ရယ်တော့မဟုတ်ပါဘူး။ ဒီအတိုင်းဝမ်လေးက မနေနိုင်လို့သာ သူစုံစမ်းမှာစိုးလို့။ သား ဘာ သားစုံစမ်းထားတာ "

"အမေ့သားမက်က သားကလွဲရင် တစ်လောကလုံးကိုဂရုစိုက်တယ်" 

မနာလိုမှုတွေယိုစိမ့်နေသည့်လေသံကိုမှ စိတ်ဆိုးနေသည့်မျက်နှာဖြင့်ပြောလာသည့်အခါ ရှင်းချောင်အန် စိတ်ပျက်နေသည့်မျက်နှာထားဖြစ်လာရသည်။

[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !Wo Geschichten leben. Entdecke jetzt