[ Lovingly - Final ]
"နွေရာသီအားလပ်ရက်မှာ ဖန်းဖန်းအတွက်အတန်းရှိတယ်မဟုတ်ဘူးလား ? ဖေဖေဖျက်လိုက်တာလား ?"
"ဟုတ်တယ် "
"သားအတန်းကရော ဖေဖေပဲဖျက်လိုက်တာလား ?"
" မဟုတ်ဘူး အဖေဖျက်လိုက်တာ "
"(ဘာလို့လဲ) ²"
"ကမ်းခြေဘက်ရေသွားဆော့ဖို့အတွက်ပေါ့ "
"(ဖေဖေတို့သာအကောင်းဆုံး) ²"
ပြောပြီးသည်နှင့်သွားဖို့အတွက် အဝတ်အစားတွေထည့်နေကြတော့သည်။
"တကယ်ဆိုဝမ်လေး သွားမယ့်ကိစ္စကိုကိုယ့်ကိုတောင်မပြောပြဘူး။"
"ကျွန်တော်ပြောပြတယ်။ ရှောင်း မှ မကြားတာ"
"ဘယ်တုန်းကလဲ "
"မနေ့ညက "
"မနေ့ညကဝမ်လေးငိုနေတာလေ "
ရှောင်းကျန့်စကားကြောင့် ရိပေါ်မျက်နှာနီတွတ်လာတော့သည်။ ဖန်းအာနဲ့ထန်အာ ထုတ်ပိုးပြီးထွက်လာသည့်အခါ။
"ဖေဖေ့မျက်နှာနီနေပြန်ပြီ "
"အဖေ ဖေဖေ့ကိုသိပ်မစပါနဲ့။ "
"ဘယ်နားစနေလို့လဲ စကားလေးပဲပြောတာပါ။ သားတို့ဖေဖေကိုက အဟွတ် !"
ကျောကုန်းသို့ရောက်လာသည့်လက်ဝါးတစ်ချက်။
"ဝမ်လေး ကလေးတွေရှေ့မှာတော့ကိုယ့်ကိုမျက်နှာသာလေးပေးပါ"
ရိပေါ်ကိုဖက်လို့ချွဲနေသည့်ရှောင်းကျန့်။ ထန်အာနဲ့ဖန်းအာမှာတော့ ကားဆီသို့သွားတော့သည်။
ခွေးစာတွေ ခွေးစာတွေ !!
" မမ သားနဲ့လောင်းမလား ဖေဖေတို့ဆယ်ငါးမိနစ်ကြာမှထွက်လာမယ်ဆိုတာကို"
" ငါးမိနစ်နေရင်ထွက်လာမှာ အဲ့ခါကျအဖေကငိုမဲ့မဲ့ဖြစ်နေလိမ့်မယ်"
ငါးမိနစ်ပြည့်တဲ့အခါရှောင်းကျန့်မှာငိုမဲ့မဲ့နဲ့ထွက်လာခဲ့သည်။
"ဝိုး မမ ရှေ့ဖြစ်ဟောစားလို့ရပြီ"
" ¯\_(ツ)_/¯"
အရမ်းချစ်တဲ့လင်လင်နှစ်ယောက်ကြားကြီးပြင်းလာခဲ့လို့ပါ။
YOU ARE READING
[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !
Random"ခင်ဗျားမှားတာလား ကျွန်တော်မှားတာလား" "ကိုယ်မှားတာပါ" "ထပ်ပြော ဘယ်သူမှားတာလဲ" "ကိုယ်မှားတာပါ" General Xiao & Military Doctor Wang. •Zhanyi• Date To Start Writing : December 3 2020 Writer : PlumWhite_Blossom