[ ခွေးစာအမြဲစားနေရသည့်ဇာတ်လမ်းရဲ့အစ ]
တပ်ရင်းထဲရှိစားဖိုမှူးဟာ ကြေညာမောင်းခတ်လိုက်သည်။
"ဒီနေ့လည်းနံနံပင်ဟင်းချိုအလှည့်ကျပြန်ပြီ"
"ထပ်ပြီး ဗိုလ်ချုပ်ရှောင်း !!"
စစ်ရေးလေ့ကျင့်နေတဲ့တပ်သားတစ်ချို့က ဝမ်းနည်းစွာညည်းတွားကြသည်။
နံနံပင်ဟင်းချို ၊ မုန်လာဥဟင်းချို ၊ တစ်ခါတစ်လေ ဘာမှန်းမသိတဲ့အရွက်တွေပြုတ်ပြီး ဟင်းချိုလုပ်တိုက်တဲ့ ဗိုလ်ကြီးရဲ့ယောကျာ်းကို
ဘယ်သူမှမတားပေးနိုင်တော့ဘူးလား !!ငါတို့ဘဝကသိပ်ကိုခက်ခဲလွန်းပါတယ် ဝူး ဝူး (╥_╥)
ဒီလိုတွေဖြစ်လာခဲ့မှန်းသိရင် ဗိုလ်ကြီးကိုမြောက်ပိုင်းတပ်ရင်းကို ကူညီပေးဖို့အမိန့်ကျတုန်းက မသွားခိုင်းလိုက်ရင်အကောင်းသား။
အခုတော့ဒုက္ခလှလှကြီးကိုခံနေရတယ်။ ဗိုလ်ကြီးကအပြုံးမပျက်ဘဲမိန့်မိန့်ကြီးစားနိုင်ပေမယ့် ကျွန်တော်တို့ကတော့မစားနိုင်တော့ဘူးလို့ !!
အခုမှတွေးမိတယ် ဘယ်သူမှအထိမခံတဲ့မြောက်ပိုင်းတပ်ရင်းက အေးခဲဝံပုလွေတပ်ကြပ်ဝမ်ကို ဘယ်လိုများအရည်ပျော်အောင်လုပ်ခဲ့သလဲ။
ငါတို့မြင်ရသလောက်ကတော့ မြင်ရသလောက်ကတော့။
"ဗိုလ်ချုပ်ရှောင်း ခင်ဗျား ထပ်လုပ်ပြန်ပြီ !"
"ကိုယ်မှားပါတယ်"
"ခင်ဗျားကို သောက်ခိုင်းတဲ့
အဲ့ဆေးတွေကိုလွှင့်ပစ်ခိုင်းလို့လား !""ကိုယ့်အမှားပါ"
'အဲ့လိုကြီးလေ .. ငါတို့ဗိုလ်ကြီးကမဟုတ်မှ အောက်ပုဂ္ဂိုလ်များလား။
ကြက်သီးထစရာအတွေးတွေဆက်မတွေးဘဲ တပ်ကြပ်ဝမ်ကို မြောက်ပိုင်းတပ်ရင်းဆီပြန်ပို့ပေးချင်နေပြီ။'စခန်းထဲကထွက်လာတဲ့ ဗိုလ်ကြီးနဲ့တပ်ကြပ်ဝမ်ကိုမြင်တော့ သတိအနေအထားနဲ့အလေးပြုကြသည်။
'ဒါပေမဲ့ တပ်ကြပ်ဝမ်က ကျွန်တော့်ဆီကိုတည့်တည့်ကြီးလာနေတယ် ဘာများမှားသွားလို့လဲ အပ်စိုက်ပြီးအပြစ်ပေးဦးမလို့လား။'
YOU ARE READING
[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !
Random"ခင်ဗျားမှားတာလား ကျွန်တော်မှားတာလား" "ကိုယ်မှားတာပါ" "ထပ်ပြော ဘယ်သူမှားတာလဲ" "ကိုယ်မှားတာပါ" General Xiao & Military Doctor Wang. •Zhanyi• Date To Start Writing : December 3 2020 Writer : PlumWhite_Blossom