Side Story - 3

1.5K 165 1
                                    

[ လုပ်အားပေးဆရာတစ်ယောက် ]

မကြာခင်မှာပဲအိပေါ်ပေါ်တို့တွေကျောင်းတက်ရမယ့်နေ့ကို ရောက်လာသည်။

အခုတလောအာပါးကိုအိမ်မှာပဲတွေ့ရတယ်။ ဒါကအရမ်းကိုကောင်းတဲ့ကိစ္စပဲ။
အာမားကလည်းအခုတလောစိတ်ကြည်နေတယ်။

ဒီတိုင်းဆိုအိပေါ်ပေါ်မွေးနေ့ကျရင်
နှစ်ယောက်စလုံးရှိနိုင်မယ်ထင်တယ်။

ကျောင်းမှာဆရာမတွေသင်တဲ့စာကို အိပေါ်ပေါ်ကအကုန်သိတယ်။ အာမားအိမ်မှာသင်ပေးထားတဲ့စာတွေ။

ကလေးတွေထဲမှာ အိပေါ်ပေါ်ကအတော်ဆုံးပဲ။ အိမ်ရောက်ရင်အာမားကိုကြွားရမယ်။

ကျောင်းဆင်းတော့သူငယ်ချင်းတွေနဲ့အတူတူ အိမ်ကိုပြန်လာခဲ့သည်။ တံခါးဖွင့်မယ်ရှိသေး လူတစ်ယောက်ကတံခါးကိုဖျက်ပြီး အပြင်ကိုရောက်လာသည်။ တကယ်ကပစ်ထုတ်ခံလိုက်ရတာ။

ရိပေါ်ခေါင်းလေးငုံ့ကိုယ်လေးကွေးနေမိသည်။ အပြင်ကိုရောက်လာတဲ့သူကိုလှည့်ကြည့်မယ်လုပ်တော့ လက်တစ်ဖက်ကမျက်လုံးကိုဖုံးသွားသည်။

"အာမား "

ဒီလက်ရဲ့အထိအတွေ့ကိုသူမှတ်မိတယ်။ ဒါကအာမားရဲ့လက်ပဲ။

"ရွံစရာတွေကိုသားကြည့်ဖို့မလိုဘူး "

အိပေါ်ပေါ်ကိုရင်ခွင်ထဲဖက်ထားသည်။

"မျက်လုံးမှိတ်ထား ရိပေါ် ခိုးကြည့်ရင်အာမားရိုက်မယ်"

"ဟုတ် "

အာမားရဲ့ရင်ခွင်ထဲကအင်္ကျီစကိုဆွဲလို့ မျက်လုံးမှိတ်ထားသည်။ မျက်လုံးမမှိတ်ခင် အာမားရဲ့လက်ထဲမှာအနီရောင်အရည်တွေပေနေတဲ့ တုတ်တစ်ချောင်းကိုင်ထားတာမြင်လိုက်သည်။

သူမ အိပေါ်ပေါ်ကိုချီထားရင်းနဲ့ လဲကျနေတဲ့လူရဲ့ရင်ဘတ်ပေါ်ခြေထောက်တင်လိုက်သည်။

"မင်းတို့ခေါင်းဆောင်ရဲ့မိန်းမက ဘာမှမလုပ်တတ်ဘူးလို့ထင်နေတာလား "

လေယူလေသိမ်းကွဲတဲ့စကားသံကို အိပေါ်ပေါ်နားမလည်ဘူး။

"ငါ့အသားကိုထိဖို့ကြိုးစားရင် မင်းတို့မှာသေလမ်းပဲရှိတယ်။  အဲ့လိုပဲငါ့ရဲ့သားကိုစကားနဲ့ထိပါးရင်လည်း မင်းတို့ကိုသတ်ပြီးထောင်ထဲဝင်ဖို့ ဝန်မလေးဘူး"

[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !Where stories live. Discover now